အခန်း ၂။ ကောင်းကင်ကိုးဘုံပြန်ထွက်ပေါ်လာပြီ
"ကောင်းကင်ကိုးဘုံ" သည် ပထမဆုံးထုတ်လုပ်စဉ်က keyboard online game တစ်ခုဖြစ်ပြီး ဂိမ်းထုတ်လုပ်ရေးအသိုင်းအဝိုင်းတွင် မရေမတွက်နိုင်သော ထူးခြား‌ပြောင်မြောက်သည့် မှတ်တမ်းများကို ချန်ထားရစ်ခဲ့သည်။
‌များပြားလှ‌သော ကစားသမားများ၏ ရင်ထဲတွင် အကောင်းဆုံးဖြစ်ပြီး မိုဘိုင်းဂိမ်းများ၏ခေတ် ကုန်လာချိန်မှာတော့ သူ့အောင်မြင်မှုများလည်း ကျဆင်းလာတော့သည်။
ဆယ်နှစ်ခန့် တိတ်ဆိတ်နေပြီးနောက် "ကောင်းကင်ကိုးဘုံ"သည် နည်းပညာအသစ်နှင့် ပြန်လည်ပေါ်ထွက်လာခဲ့ပြီး ကမ္ဘာ့ပထမဆုံး holographic online game ဟုသိကြသည့်အပြင် ကြေငြာချက်ထုတ်ပြီးနောက် beta versionနှင့် စတင်ခဲ့သည်။
ကစားသမား"သစ်ရွက်လှေ"သည် keyboard game အဖြစ်ထွက်ပေါ်စဉ်ကတည်းက ကစားခဲ့သော သစ္စာရှိပရိတ်သတ်တစ်ယောက်ဖြစ်သည်။
holographic helmet တစ်ခုကို ကြိုတင်မှာယူပြီးနောက်မကြာမီ ယခုလို လူသိရှင်ကြားကြေငြာပြီး beta version ဖြင့် စမ်းသပ်ကစားချိန်ကာလမှာပင် ဂိမ်းထဲစတင်၀င်ရောက်ခဲ့သည်။
ဂိမ်း၏ပထမဆုံးနေ့တွင် လူတိုင်းဟာ လူသစ်လေးများဖြစ်ကြပြီး တစ်ချို့ဆို အသစ်လေးများ၏ခံစားချက်အတိုင်း စမ်းတဝါးဝါးဖြစ်နေကြသည်။
နှစ်ပေါင်းများစွာ ငြိမ်သက်နေခဲ့သော game company တစ်ကျော့ပြန်လည် ထွက်ပေါ်လာခဲ့လေပြီ။ သူတို့သည် ကစားသမားဟောင်းများကို ပြန်လည်ခေါ်ယူချင်ရုံသာမက ကစားသမားအသစ်များကိုလည်း ဖိတ်ခေါ်သည်။
အပြောင်းအလဲမရှိတာက လူတိုင်းဟာ စမှတ်နေရာမှထွက်ပေါ်လာကြတာဖြစ်ပြီး ဂိမ်းထဲကပြောင်းလဲမှုတွေကတော့ အများကြီးပင်။
ဒီပြောင်းလဲမှုများကြားထဲတွင် IDနှင့် အဆင့်အတန်းကို ဖုံးကွယ်ထားသည့် ကစားသမားများ၊ သားရဲအုပ်စုများ၊ NPC များနှင့် ဂိမ်းထဲရှိ bossများဟာ လှည့်ကွက်အများဆုံးပင်။
"ကောင်းကင်ကိုးဘုံ"၏ ဦးတည်ချက်သည် နစ်မြုပ်နေခဲ့သော online gamတစ်ခုကို အာရုံစိုက်လာရန်နှင့် ကစားသမားများအား လက်တွေ့အကျဆုံးရှန်းရှကမ္ဘာနှင့် ထိတွေ့ပေးရန်ဖြစ်သည်။
online game ထဲမှာကျင့်ကြံမယ်| online game ထဲမှာကျင့်ကြံမယ်(Dropped)Tempat cerita menjadi hidup. Temukan sekarang