အခန်း ၁၆။ မုဆိုးမယန်

61 5 0
                                    

အခန်း ၁၆။ မုဆိုးမယန်

တုကူးကျော့သည် စိတ်ထဲမှ အချိန်ကိုတွက်ဆလိုက်သည်။ မနက်ခုနစ်နာရီလောက်ရှိမည်။ ဒါဆို ယဲ့ကျိုးလိုင်းတက်လာဖို့ *တစ်ရှစ်ချန်လောက်ပဲ လိုတော့သည်။

(တစ်ရှစ်ချန်- နှစ်နာရီ)

ကစသမားအများစုကတော့ ထန်ယဲ့ဘုရားကျောင်းတွင် အမွှေးနံ့သာထွန်းရန် အစောကြီးကတည်းက လာရောက်တန်းစီနေကြလေပြီ။

သူတို့အားလုံးသည် လွန်ခဲ့သောညက မိစ္ဆာနှင့်နတ်ဆိုးများ၏ပွဲတော်သဖွယ် ဖြစ်ခဲ့သည့်အကြောင်း ဆွေးနွေးနေကြပြီး ဂိမ်းကုမ္ပဏီကို အပြစ်တင်နေကြရင်း ဒီဂိမ်းသည် ဈေးကွက်တွင် တစ်ခုတည်းသော ဟိုလိုဂရပ်ဖစ်ဂိမ်းဖြစ်သောကြောင့် ဂိမ်းကုမ္ပဏီသည် သူတို့၏ ကစားသမားများအား မည်ကဲ့သို့ ဆက်ဆံရမည်ကို ဂရုမစိုက်သူများဖြစ်ကြောင်း ပြောနေကြသည်။

ဘယ်လိုကစားသမားတစ်ယောက်က တစ်နေ့လုံး၊ တစ်ညလုံး လိုင်းတက်နေမှာတဲ့လဲ။ ဒါသည် အခြေခံအားဖြင့် ရန်လိုသော စကားများသာဖြစ်သည်။

ဘာပဲပြောပြော ဂိမ်းကနေ ထွက်တော့မယ့်ပုံ မပေါ်သေးတဲ့အတွက် ဟိုလိုဂရပ်ဖစ်ဂိမ်းနှင့်အတူ ပါလာသည့် အစစ်အမှန်ဆန်သော ခံစားချက်က တခြားဂိမ်းတွေထက် တိုင်းတာရခက်သည်ဟု ထင်ရသည်။

ကစားသမား စုစုပေါင်းအရေအတွက်၏ သေးငယ်သောအစိတ်အပိုင်းလေးကသာ ငွေကြေးကိစ္စဖြေရှင်းရန်အတွက် တစ်စုံတစ်ယောက်ကိုယ်စား သူ့အကောင့်ကို level တင်ပေးရန် တစ်နေ့လုံးနေပေလိမ့်မည်။

ဂိမ်းကုမ္ပဏီက တာဝန်များကို နေ့နှင့်ညခွဲခြားမထားတာကြောင့် ညတွင်ပါကစားကာ သေချာပေါက် ပို၍မြင့်သော level ရောက်အောင် တင်နိုင်ပေသည်။

အလွန် အရေအတွက်နည်းလှသော ကစားသမားတစ်ချို့သည် ညကကိစ္စမှာ အဓိက‌ဇာတ်ကြောင်းကြောင့်ဖြစ်မှန်းသိရှိကာ ထိုဇာတ်ကြောင်းကို သိရှိပြီးနောက် ဒီလိုမျိုး နေ့နှင့်ည ကစားချိန် ပြောင်းလဲကုန်တော့သည်။

အဓိကတံခါးမကြီးနောက်တွင် ပုန်းကွယ်နေသော တုကူးကျော့သည် ကစားသမားများ၏ဆွေးနွေးမှုများကို နားထောင်ကာ ခေတ်သစ်ဝေါဟာရ စကားလုံးများကို လေ့လာမှတ်သားနေသည်။

online game ထဲမှာကျင့်ကြံမယ်| online game ထဲမှာကျင့်ကြံမယ်(Dropped)Donde viven las historias. Descúbrelo ahora