UNICODE
၃၄-၂။ မက်မွန်ပင်မိစ္ဆာများ
ကစားသမားများသည် တိုက်ခိုက်ရင်း စမ်းသပ်ရင်းဖြင့် သေလုမျောပါးဖြစ်နေချိန်မှာပင် ဆက်တိုက်ဆိုသလို မက်မွန်ကိုင်းများ၏ တိုက်ခိုက်ရေး လှုပ်ရှားမှုဖွဲ့စည်းပုံကို လေ့လာကြရသည်။
သူတို့သည် တတ်နိုင်သမျှ ရှောင်ရှားရင်း လူငယ်လးအပေ့် တိုက်ခိုက်မှုများ မကျရောက်အောင်လည်း ကာကွယ်ကြရသည်။ ဒါက တစ်ကယ့်ကို ခြေကုန်လက်ပန်းကျဖွယ်ရာပင်။
ဒီအဆင့်က ကစားသမားများ၏ ပူပေါင်းရှောင်တိမ်းခြင်း၊ ကာကွယ်ခြင်းကို စမ်းသပ်တာဖြစ်ပြီး ဒီအဆင့်မှာပင် မရေမတွက်နိုင်သာ ကစားသမားများအား ကန်ထုတ်ခဲ့ပြီးပြီဖြစ်သည်။
လူငယ်လေး၏ စကားများကို နားထောင်ပြီးနောက် ယဲ့ကျိုးက တုကူးကျော့၏၀တ်ရုံအစကိုဆွဲကာ ပြောလိုက်သည်။
"ငါတို့ အနိုင်မရလောက်ဘူးထင်တယ်နော်"
တုကူးကျော့လည်း လူငယ်လေးကိုပြောလိုက်သည်။
"ငါတို့ ဟာကွက်တစ်ခုခုကို မရှာနိုင်ရင် ဒီအဆင့်ကို ဖြတ်ကျော်နိုင်မှာမဟုတ်ဘူး"
အဲဒီ့နောက် လူငယ်လေးအပေါ်သို့ မလှုပ်ရှားစေနိုင်သည့် မန္တန်ကိုသုံးလိုက်ရာ သစ်တုံးတစ်တုံးလို တောင့်တင်းသွားလေသည်။
ယဲ့ကျိုး : "..…"
တုကူးကျော့ပြောသည်။
"အရင်တုန်းက ဒီနေရာကို ငါရောက်ဖူးတယ်။ အစက အမြဲနေ့ဧရိယာအကြောင်း ဂိမ်းကဘယ်လိုရှင်းပြမလဲဆိုတာ သိချင်ခဲ့တယ်။ ဒါပေမဲ့ level 20 အကျဉ်းထောင်ကို မတော်တဆရောက်ပြီးနောက် ကျင့်ကြံဖို့နေရာကောင်းဆိုတာ သိလိုက်ရတယ်လေ။ တခြားကစားတွေဆီက အနှောင့်အယှက်ပေးတာမခံရတဲ့အပြင် သူတို့ကိုလည်း အာရုံမဆွဲဆောင်မိတော့ဘူး။ ပတ်၀န်းကျင်က တိတ်ဆိတ်ပြီး မက်မွန်တောက အရမ်းလှတယ်"
ယဲ့ကျိုးသည် သူ့ကိုတိုက်ခိုက်လာသော သစ်ကိုင်းကို ရှောင်ရင်း ပြောလိုက်သည်။
"ဒီနေရာက 'တိတ်ဆိတ်တယ်' ဆိုတာ သေချာရဲ့လား။ အဲဒီ့ကလေးကို ကာကွယ်တာ ပိုကောင်းမယ်နော်။ မဟုတ်ရင် တစ်ချက်တည်း ကန်ထုတ်ခံရမှာ"
YOU ARE READING
online game ထဲမှာကျင့်ကြံမယ်| online game ထဲမွာက်င့္ႀကံမယ္(Dropped)