၃၁ - ၂။ ထျန်ကန်းခြေသိုင်း [ထျန်ကန်းခြေသိုင်း]

63 11 0
                                    

[UNICODE]

အခန်း ၃၁-၂။ ထျန်ကန်းခြေသိုင်း

အဖြူရောင်၀တ်စုံဖြင့် မိန်းကလေးသည် လရောင်ကိုစုပ်ယူ‌နေသော တုကူးကျော့ကိုငေးကြည့်နေရင်း ထိုအလင်းပြန်နေသည့်လရောင်က သူမဆီ ပိုပိုပြီးနီးကပ်လာကြောင်း မြင်လိုက်ရသည်။

အဲဒီ့နောက် သူမကိုချုပ်နှောင်လာလေသည်။ ထိုစဉ်၌ ဆယ်ကျော်သက် ခေါင်းပြတ်သရဲလေးကမူ screenshot နှင့် video ရိုက်သည့် function ဖွင့်မရတာကြောင့် ထို function ကို လက်ဖြင့်ရိုက်ပုတ်နေဆဲပင်။

နူးညံ့ကာ အေးမြသောလရောင်က သူတို့နှစ်ယောက်အပေါ် ဖြာကျနေပြီး ထိုစဉ်ခဏ၌ သရဲလေးနှစ်ကောင်သည် လကိုမည်သို့ပူဇော်ပြီး အဆင့်တက်နိုင်ကြောင်း၊ လရောင်ကိုစုပ်ယူကာ တိုက်ခိုက်ရေးစွမ်းအင်တိုးရန် လုပ်နိုင်ကြောင်း သူတို့၏နှလုံးသားအောက်ခြေမှ နားလည်သွားပုံပေါ်သည်။

ဒီခံစားချက်ကြောင့် သူတို့ဆီရောက်လာသော အလင်းပြန်နေသည့် လရောင်စွမ်းအင်ကို မရှောင်ဖယ်မိဘဲ ထိုလှပ‌သောလရောင်ထဲ နစ်မြုပ်ခံလိုက်ပြီးနောက် ဘယ်တော့မှ ပြန်နိုးမလာကြတော့မည့်နှယ် အိပ်ပျော်သွားကြပြီး အကောင်အထည်ပါ ပျောက်သွားကြလေသည်။

သို့သော် တုကူးကျော့၏ ထိုစွမ်းရည်က အကြာကြီးမခံတာကြောင့် သရဲနှစ်ကောင်ကိုထွေးပတ်ထားသော လရောင်ပျောက်ကွယ်သွားသည်နှင့် အကောင်အထည်ပြန်ပေါ်လာကြသည်။

ယေဘုယျဆန်ဆန်ပြောရလျှင် တုကူးကျော့က သူ့အတွက် အကျိုးကျေးဇူးရလိုက်ပြီမို့ တစ်ခါပဲသတ်ကာ သနားညှာတာပေးလိုက်တာဖြစ်သည်။

မျှော်လင့်ထားသလိုပဲ ထိုကစားသမားနှစ်ယောက်ကို သတ်ပြီးနောက် ခြေသိုင်းနှင့်ဆိုင်သော အသိပေးစာနှင့်အတူ ကျောက်စိမ်းပေလွှာအလွတ်တစ်ခုကိုပါ system က ပေးလာသည်။

တုကူးကျော့သည် ထိုကျောက်စိမ်းပေလွှာပေါ်တွင် ရေးသားပြီးပါက system ကြေငြာမည်ကို ယဲ့ကျိုးနှင့်အတူ စောင့်ချင်တာကြောင့် အမြဲညအချိန်ဧရိယာထဲမှ ပြန်ထွက်ခဲ့သည်။

တုကူးကျော့ပြန်ထွက်သွားပြီးနောက် သရဲနှစ်ကောင် အသက်ပြန်ရှင်လာသည်။ အဖြူရောင် အမွေးရှိသောနားရွက်၊ အဖြူရောင်၀တ်ရုံနှင့် သရဲမလေးသည် သူမ၏မျက်လုံးများကို အတတ်နိုင်ဆုံးကြိုးစားကာဖွင့်လိုက်ပြီး ပြောလိုက်သည်။

online game ထဲမှာကျင့်ကြံမယ်| online game ထဲမှာကျင့်ကြံမယ်(Dropped)Nơi câu chuyện tồn tại. Hãy khám phá bây giờ