[UNICODE]
အခန်း ၃၂-၁။ သိုင်းပညာ သင်ယူခြင်း။
နေ့လည်ရောက်ဝောာ့ ယဲ့ကျိုး online ပြန်တက်လာသည်။ စားပွဲထိုးကလည်း ကြိုတင်မှာယူထားသော အစားအသောက်များ လာချပေးသည်။
နှစ်ဦးသားအတူစားသောက်ရင်း system ထံမှ ရလဒ်ကို စောင့်ဆိုင်းကြသည်။ ဒီအချိန်အတွင်း ယဲ့ကျိုးသည် 'များများစား၊ နည်းနည်းပဲပြော' ဟူသည့် စကားကိုလိုက်နာလျက်ရှိပြီး အတတ်နိုင်ဆုံး ပြောရန်လိုအပ်သည့်စကားကို နည်းနည်းလေးသာပြောလေသည်။
တုကူးကျော့သည် ယဲ့ကျိုးတစ်ယောက် သူ့ဆီကနေ အကွာအဝေးတစ်ခုခြားလျက်နေကြောင်း ခံစားမိသော်လည်း သူနှင့်နီးကပ်စေရန် တွန်းအားမပေးဘဲ သူ့ဘာသာစိတ်အခြေအနေအရ သင့်လျော်သလိုသာ နေစေသည်။
တအားရင်းနှီးကျွမ်း၀င်သည့် အပြုအမူကိုလည်း သူ့ဘက်က ရှောင်ကြဉ်ပေးလိုက်သည်။
system ၏ 'ထျန်ကန်းခြေသိုင်း' ကို စိစစ်ရန်ကြာချိန်က 'ဓားဒြပ်စင်ငါးမျိုး' ထက်ပင် ပိုကြာသေးသည်။ ညနေ ငါးနာရီလောက်မှာတော့ system က ကြေငြာလာလေသည်။
[သတိပေးချက် : တုကူးကျော့က 'ထျန်ကန်းခြေသိုင်း'ကို ဖန်တီးလိုက်ပြီး system က အတည်ပြုလိုက်သည်။ သူသည် 'ခြေသိုင်းပညာဆရာသခင်' title ကို ရရှိသွားပါပြီ။]
[သတိပေးချက် : 'ထျန်ကန်းခြေသိုင်း'က အဆင့်မြင့်ခြေသိုင်းတစ်ခုဟု system ကသတ်မှတ်လိုက်ပြီး ကစားသမားများအားလုံး သင်ယူနိုင်သည်။]
[သတိပေးချက် : တုကူးကျော့သည် 'အစီအရင်ကျွမ်းကျင်သူ" "ဓားသခင်" "ခြေသိုင်းပညာဆရာသခင်" title သုံးခုကို ရရှိပြီးပါပြီ။ လိုအပ်ချက်များ ပြည့်စုံသွားပြီဖြစ်တာကြောင့် ဂိမ်းထဲမှာ ကိုယ်ပိုင်ဂိုဏ်းတစ်ခု တည်ထောင်ပြီး ကစားသမားများနှင့် NPC များကို တပည့်များအဖြစ် ခေါ်ယူနိုင်ပါပြီ]
ဒီကြေငြာချက်ထွက်လာပြီးနောက် ဂိမ်းထဲက ကစားသမားများသည် အရင်လောက် စိတ်မလှုပ်ရှားကြတော့ပေ။ အခုလိုမျိုး system ဆီက ဆက်တိုက်၀င်လာတတ်တဲ့ ကြေငြာချက်တွေအပေါ် ထုံထိုင်းနေပြီဖြစ်သည်။
CZYTASZ
online game ထဲမှာကျင့်ကြံမယ်| online game ထဲမွာက်င့္ႀကံမယ္(Dropped)