အခန်း ၅-၂။ လင်ဇီးမှိုလေး/လင္ဇီးမိႈေလး

200 42 7
                                    

[Unicode]

၅-၂။ လင်ဇီးမှိုလေး

တုကူးကျော့သည် ယဲ့ကျိုးကို ပြန်တွေ့ဖို့ ခဲယဉ်းမှာစိုးရိမ်မိသည်။

ဒါကြောင့်ပဲ သစ်ရွက်လှေနှင့် ပထမဆုံးအကြိမ် အနီးကပ်ဆုံးဆက်ဆံရေးထူထောင်လိုသည့် ဆန္ဒအရ စာချုပ်အတွက် သွေးချင်း‌ရောနှောပြီး သုံးရတဲ့ဟာကိုပဲ ရွေးခဲ့တာဖြစ်သည်။

သွေးမဟာမိတ်စာချုပ်ချုပ်ပြီးနောက်မှာတော့ သစ်ရွက်လှေဘယ်နားမှာရှိနေပါစေ သူတို့အချင်းချင်း အာရုံခံကာ ရှာဖွေနိုင်ပြီဖြစ်သည်။

သို့သော် သစ်ရွက်လှေ offline လုပ်သွားပြီးနောက် သွေး‌ကိုအာရုံခံခြင်းက ပြတ်တောက်သွားပြီး ဒီကမ္ဘာထဲ၌ ယဲ့ကျိုးကို သူမရှာနိုင်တော့ပေ။

တုကူးကျော့သည် ဒီကမ္ဘာနှင့်ထိတွေ့မိသည့်အပေါ် ကျေနပ်မှုရှိပြီး ယဲ့ကျိုးတစ်ယောက် သူ့ကမ္ဘာအစစ်ဆီပြန်တာဖြစ်ကြောင်း သူနားလည်သည်။

သူ့ရှေ့ကလူနှစ်ယောက်ကိုတော့ သာမန်မိတ်ဆွေဖွဲ့မှုဖြင့်သာ လက်ခံလိုက်မည်။

တုကူးကျော့သည် ပေါ့ပေါ့ပါးပါးပင် "Yes" ဆိုသည့်ဟာကိုနှိပ်ပြီး system မှ အကြောင်းကြားစာကို လက်ခံလိုက်သည်။

system: [သင်သည် ကစားသမား 'ချင်ယွဲ့ love'၏ သူငယ်ချင်းတစ်ယောက်ဖြစ်သွားပါပြီ။ လက်ရှိသင်၏ သူငယ်ချင်းစာရင်း၌ အရေအတွက်က ၁ ယောက်ဖြစ်သည်။]

သူငယ်ချင်းတွေဖြစ်လာပြီးနောက် တစ်ဘက်လူ၏အခြေခံအချက်အလက်များကို မြင်နိုင်သော်လည်း 'သွေးမဟာမိတ်' လောက်တော့မဟုတ်ပေ။

မိန်းကလေးသည် တုကူးကျော့၏အမည်၊ level နှင့် ၀င်ရောက်ထားသောဂိုဏ်းအမည်တို့ကိုတွေ့နိုင်သည်။ မျိုးနွယ်စုနှင့် ဇာတ်ကောင်ကိုမူ မသိနိုင်ပေ။

တုကူးကျော့လည်း တစ်ဘက်လူ၏အမည်မှာ 'ချင်ယွဲ့ love' ဖြစ်ပြီး ၀င်သောဂိုဏ်းမရှိကြောင်း၊ level 11 ဖြစ်ကြောင်း၊ ယဲ့ကျိုးထက် level တစ်ခုမြင့်ကြောင်း သိလိုက်ရသည်။

သူ့အသင်းဖော်က တုကူးကျော့နှင့် သူငယ်ချင်းဖွဲ့သည်ကိုကြည့်ရင်း ကစားသမားကောင်လေးကလည်း နောက်ကောက်အကျမခံဘဲ friend request ပို့လာသည်။

online game ထဲမှာကျင့်ကြံမယ်| online game ထဲမှာကျင့်ကြံမယ်(Dropped)Onde histórias criam vida. Descubra agora