အခန်း ၇-၂။ အဆင့်တက်ပြီးပြီးချင်းအရိုက်ခံရ/အဆင့္တက္ၿပီးၿပီးခ်င္းအရိုက္ခံရ

168 40 2
                                    

[Unicode]

အခန်း ၇-၂။ အဆင့်တက်ပြီးပြီးချင်းအရိုက်ခံရ/အဆင့္တက္ၿပီးၿပီးခ်င္းအရိုက္ခံရ

holographic online game ဖြစ်သော 'ကောင်းကင်ကိုးဘုံ'တွင် တုကူးကျော့သည် "bug" ဆိုသော စကားလုံးနှင့် ဘေးမှ မကောင်းဆိုးရွား သ‌က်ေတသုံးခုကို ကြည့်နေပြီး ဘာမျှမပြောပေ။

ချင်ယွဲ့ love မှ လုံ@အောင့်ထျန်းသို့: "အကျပ်ရိုက်နေပြီလို့ တွေးနေတာလား..."

"အင်း... အကျပ်ရိုက်နေပုံပဲ"

လုံ@အောင့်ထျန်း ပြန်ဖြေသည်။

"ဒါပေမဲ့အချိန်က မပြောင်းသွားဘူး။ အမြင်မှားတာများလား"

"game server မတည်ငြိမ်နေဘူး။ဘာပဲဖြစ်ဖြစ် beta versionပဲရှိသေးတာဆိုတော့ bug တွေရှိနိုင်တာပေါ့"

ချင်ယွဲ့ love ခန့်မှန်းသည်။ တုကူးကျော့သည် ကျောက်စိမ်းပေလွှာကို အဝေးပစ်လိုက်ပြီး သူ့အကြည့်များက သူ့နောက်လိုက်လာသော ကစားသမားနှစ်ယောက်ဆီ ကျရောက်သွားသည်။

သူသည် အခြားကစားသမားများအပေါ် ယဲ့ကျိုးလောက် မရင်းနှီးချင်ပါ။ ဒီလူနှစ်ယောက်ကတော့ အသုံး၀င်သေးပုံပေါ်သည်။

သူသည် ထန်ယဲ့ဘုရားကျောင်း၏ တံခါးဆီလျှောက်လာခဲ့ပြီး သစ်ကိုင်းတစ်ကိုင်းကောက်ကာ မြေပေါ်၌ "bug" ဟု ရေးခြစ်လိုက်သည်။

ခွဲထုတ်လို့မရနိုင်သော ချင်ယွဲ့
love က နောက်မှလိုက်လာပြီး မေးသည်။

"bug လား။ ဘာလို့ အဲဒါရေးတာလဲ"

ဘာ့ဂ်လား။ သူတို့ပြောနေတဲ့အကြောင်းအရာက ဒီစာလုံးပဲလား။

"စောနက ငါခံစားမိသလောက် အချိန်ခဏလေးရပ်သွားသေးတယ်"  

တုကူးကျော့ သံသယမရှိ
ဘဲ ပြောလိုက်သည်

လုံ@အောင့်ထျန်း : "ကြည့်ရတာ လူတိုင်း တစ်ကယ် အကျပ်ရိုက် နေပုံပါပဲ။ holographic game ကလည်း ရပ်တန့်နေတုန်းဖြစ်နိုင်လား။ ငါ offline လုပ်ပြီးရင် customer service ကိုဆက်သွယ်ပြီး feedback ပေးရမယ်။ ဒီ bugကို အမြန်ဆုံး ဖယ်ပစ်ဖို့လည်း အကြံပြုစာပို့ရမယ်"

သူပြောချိန်၌ တုကူးကျော့တစ်ယောက် "bug" ဟူသည့်စကားလုံးအပေါ် အနည်းငယ် နားလည်သွားလေပြီ။ သို့သော် အဓိပ္ပာယ်များကို ဒီ့ထက်ပိုပြီး သေချာရန်အတွက် ထပ်မေးလိုက်သည်။

online game ထဲမှာကျင့်ကြံမယ်| online game ထဲမှာကျင့်ကြံမယ်(Dropped)Tempat cerita menjadi hidup. Temukan sekarang