၃၁-၁။ ထျန်ကန်းခြေသိုင်း [ထျန်ကန်းခြေသိုင်း]

62 16 2
                                    

[UNICODE]

အခန်း ၃၁-၁။ ထျန်ကန်းခြေသိုင်း

အမြဲညအချိန်ဧရိယာသည် တုကူးကျော့ အစက စိတ်ကူးထားသည်နှင့် မတူပေ။ ဂိမ်းထဲကို သူရောက်လာပြီးနောက် ပထမဆုံးညမှာတုန်းက နတ်ဆိုးများနှင့် သရဲများထွက်ပေါ်လာတာကြောင့် သူတို့၏အသက်ကို ကယ်တင်ရန်အလို့ငှာ လူသားတွေ ထွက်ပြေးကြရတဲ့မြင်ကွင်းကို သူကွက်ကွက်ကွင်းကွင်း မှတ်မိနေသည်။

ထို့ကြောင့် ရှောင်တိမ်းခြင်းနှင့် ဓားသိုင်းတို့ကိုပေါင်းစပ်ကာ သူသိပင်မသိခဲ့သော ကစားသမားတစ်ချို့ကိုသတ်ရန် အခွင့်အရေးရှာပြီး ဂိုဏ်းတစ်ခုတည်ထောင်ရန်အတွက် လိုအပ်သော အခြေအနေကို အရယူနိုင်သည်။

ပထမဆုံးညတုန်းက မိစ္ဆာ၊ နတ်ဆိုးများနှင့် သရဲများထွက်လာကာ လူသားတွေကို ဒုက္ခပေးနိုင်ရန်အတွက် ဂိမ်းက ပေးထားသောအကြောင်းပြချက်က မနာလိုဒေါသထွက်စရာကောင်းလှသည်။

မှောင်မည်းနေတဲ့ ဒီလိုနေရာသေးသေးလေးက တာ၀န်တွေကိုဆွဲယူနေပြီး ‌ဘော့စ်အဖြစ်ဟန်ဆောင်ချင်တယ်လား။

ချင်ယွဲ့နှင့် အောင့်ထျန်းတို့၏သူငယ်ချင်း ရှောင်ယောင်ဝောာင်မှ စိတ်အဆင်မပြေပေ။ နတ်ဆိုးများနှင့် သရဲများက ညဧရိယာထဲတွင် လှုပ်ရှားသွားလာနိုင်သော်လည်း သူကသစ်ပင်တစ်ပင်မို့ မသွားလာနိုင်ပေ။

ကစားသမားတွေ သူ့အပင်အောက်မှာ လာကစားကြတာ၊ လာချိန်းတွေ့ပြီး ရှက်စရာတစ်ခုခုလုပ်ရန် ဆန္ဒရှိ‌နေကြတာတွေကိုသာ ကိုယ်ပိုင်မျက်လုံးတွေနဲ့ စူးစိုက်ကြည့်နေခဲ့ရသည်။

ကံကောင်းထောက်မစွာဖြင့် ဂိမ်း၏လိုက်လျောညီထွေဖြစ်ခြင်းနည်းပညာက ထိုမဖွယ်မရာ တစ်စုံတစ်ရာဖြစ်ခြင်းမှ တားဆီးကာကွယ်ထားသည်။ မဟုတ်ပါက ရှောင်ယောင် အမှန်တစ်ကယ်ဒေါသထွက်မိလိမ့်မည်။

အခု အမြဲနေ့နှင့် အမြဲညဧရိယာများ ပွင့်သွားပြီမို့ ကစားသမားတိုင်း သက်ဆိုင်ရာနေရာတွေမှာ နေထိုင်ပြီး အချိန်မရွေး level တင်နိုင်ပြီဖြစ်ရာ နတ်ဆိုးများနှင့် သရဲများကို ကြောက်စရာမလိုဝောာ့ပေ။

online game ထဲမှာကျင့်ကြံမယ်| online game ထဲမှာကျင့်ကြံမယ်(Dropped)Where stories live. Discover now