အခန်း ၂၇။ လင်ဇီးမှိုလေးက သူတို့အဖွဲ့၀င်ဖြစ်လာခဲ့ပြီ။

60 21 4
                                    

အခန်း ၂၇။ လင်ဇီးမှိုလေးက သူတို့အဖွဲ့၀င်ဖြစ်လာခဲ့ပြီ။

System က ကြေငြာသောစာတန်းများသည် သူတို့ရှေ့တွင် ရုတ်တရက်ပေါ်လာပြီး ယဲ့ကျိုးနှင့် အခြားသူများကို ထိတ်လန့်သွားစေတာကြောင့် public channel ကို အမြန်ပိတ်လိုက်ကြသည်။

တုကူးကျော့ကမူ ဒီအရာတွေကို အချိန်အတော်ကြာအောင် လျစ်လျူရှုထားခဲ့ပြီး system ၏ ကြေငြာချက်ကို ဂရုမစိုက်ဘဲ ကျောက်စိမ်းပေလွှာပေါ်၌ ရေးထွင်းမှတ်သားခြင်းကိုသာ အာရုံစိုက်နေခဲ့သည်။

အမည် : ဓားဒြပ်စင်ငါးမျိုးသိုင်းပညာ

အဆင့်သတ်မှတ်ချက် : အဆင့်မြင့်ဓားသိုင်း

သင်ယူနိုင်ရန် လိုအပ်ချက် : level 30 နှင့်အထက် ဓားရေးကျင့်ကြံသူဖြစ်ရန်

အထူးအခြေအနေများ : ရွှေအဆင့်နယ်ခြားကျင့်ကြံသူများက level ကန့်သတ်ချက်များမလိုဘဲ သင်ယူနိုင်သည်။

မိတ္တူပွားနိုင်သော အကြိမ်ရေ : ၁၀

မှတ်ချက် : ရင်းနှီးမှုရမှတ် ၁၀၀ ကိုရောက်ရှိပါက အခြားသူများ၏ ဓားသိုင်းကို ၃ ကြိမ် မိတ္တူပွားနိုင်သည်။

လူတိုင်း၏အကြည့်က နောက်ဆုံးမှတ်ချက်ပေါ်ကျရောက်သွားသည်။

ဒီအဓိပ္ပာယ်မှာ တုကူးကျော့က ဒီဓားသိုင်းကို ယဲ့ကျိုးကိုသင်ပေးလိုက်ပြီးနောက် ယဲ့ကျိုးက ဒီဓားသိုင်းကို ကြိမ်ဖန်များစွာ သုံးလိုက်ပါက ရင်းနှီးမှုရမှတ်တွေ ရရှိလာမည်။ ထိုအခါ အခြားသူများအတွက် နောက်ထပ်သုံးကြိမ် မိတ္တူပွားနိုင်မည်ဖြစ်သည်။

အခြားတစ်ဘက်မှ *'အစီအရင်ပညာရှင်' ဟူသော ခေါင်းစီးကလည်း ရှင်းပြချက်ကို ပေးနေသည်။

[လေပြည်-အရင်တုန်းက အစီအရင်ကျွမ်းကျင်သူလို့ ရေးထားမိပါတယ်။ တစ်ကယ်တမ်း တုကူးရခဲ့တာက အစီအရင်ပညာရှင်ဆိုတဲ့ ခေါင်းစီးပါ။ နောက်ပိုင်း ပြောင်းသုံးပါ့မယ်နော်။ site ၂ ခုကနေ အဆင်ပြေသလို ယူပြန်နေရတာမို့ ရောသွားတာပါ။ သွေ့ပုချိ...😁]

အဘယ်ကြောင့်ဆိုသော် အစီအရင်နှင့် ဓားသိုင်းပညာကဲ့သို့ စွမ်းရည်စနစ်များကို အဆင့်နိမ့်၊ အလယ်အလတ်အဆင့်၊ အဆင့်မြင့်နှင့် ထိပ်တန်းအဆင့်ဟူ၍ ခွဲခြားထားသည်။

online game ထဲမှာကျင့်ကြံမယ်| online game ထဲမှာကျင့်ကြံမယ်(Dropped)Onde histórias criam vida. Descubra agora