အခန်း ၂၄။ နေ့အချိန်နှင့်ညအချိန် (အပိုင်းခွဲ-၂)

59 14 3
                                    

အခန်း ၂၄။ နေ့အချိန်နှင့်ညအချိန် (အပိုင်းခွဲ-၂)

ခဝါသည်အမျိုးသမီးသည် တုကူးကျော့မှတ်မိနေသလို အားနည်းဖျော့တော့မနေပါချေ။ သူတောင်းစားကြက်ကင်အတူစားရန်အတွက် အိမ်မှာပင် တိတ်ဆိတ်စွာဖြင့် ရှောင်ပေါင်ပြန်အလာကို စောင့်စားလျက်ရှိသည်။

လူတိုင်းက မုဆိုးမယန်ဘာလုပ်ခဲ့သည်နှင့် ဘုန်းတော်ကြီးအိုက ဘာပြောခဲ့သည်ဆိုတာကို သူမအားပြန်ပြောပြကြသည်။

"အချိန်ကျပြီဆိုတာက ဘာကိုဆိုလိုတာလဲ"

ခဝါသည်အမျိုးသမီးသည် သတိလစ်နေသော ရှောင်ပေါင့်ကိုဖက်ကာ ငိုကြွေးလေသည်။

"မင်းမှမသိရင် ငါတို့မသိနိုင်ဘူး"

အောင့်ထျန်းက ဗလာအကြည့်ဖြင့်ပြောသည်။

ခဝါသည်က သူမသား၏မျက်နှာကိုကြည့်ကာ ရုတ်တရက် တစ်စုံတစ်ရာ သတိရသွားသလို မျက်ရည်သုတ်လိုက်ပြီး ကြည်လင်နေသော ကျောက်စိမ်းအဆောင်လက်ဖွဲ့တစ်ခုကို ရှာဖွေလိုက်သည်။

အဲဒီ့နောက် အတိတ်ကို လွမ်းနသသဖြစ်ဟန်ပေါ်လာသည်။

"ဘယ်အချိန်တုန်းက ရှောင်ပေါင့်ကို ကိုယ်၀န်လွယ်ခဲ့တာလဲဆိုတာ ကျွန်မမှတ်မိတော့ဘူး။ အဲဒီ့အချိန်တုန်းက သူ့အဖေနဲ့က စေ့စပ်ပြီးသွားလို့ လက်ထပ်ဖို့စောင့်နေခဲ့တာပါ။ လက်မထပ်ခင်တစ်လအလိုမှာ ရုတ်တရက် သူပျောက်သွားခဲ့တယ်။ လက်ထပ်မဲ့နေ့အထိ သူပေါ်မလာခဲ့ဘူး။ ကျွန်မအကြာကြီးစောင့်ခဲ့ပေမဲ့ သူရောက်မလာဘူး။ နောက်ဝောာ့ ကျွန်မအမေက လက်ထပ်ပွဲကိုဖျက်ပြီး တောရွာဘက်က စိုက်ခင်းတစ်ခုဆီပို့လိုက်တယ်လေ။ အမေပြောတာတော့ နောက်နှစ်နှစ်လောက်နေမှ လက်ထပ်ဖို့အတွက် ကျွန်မကိုပြန်ခေါ်မယ်ပေါ့။ ကျွန်မနဲ့အတူ ကျွန်မရဲ့အစေခံတွေက အဲဒီ့စိုက်ခင်းက အိမ်မှာနေထိုင်ပြီး အဲဒီ့မှာ လုပ်သက်ကြာပြီဖြစ်တဲ့ အစေခံဟောင်းတွေနဲ့ လက်မထပ်ရသေးတဲ့ အပျိုအရွယ်အစေခံမလေးတွေပဲရှိတယ်။ ကျွန်မရဲ့ကိုယ်၀န်ကလည်း တစ်နေ့ထက်တစ်နေ့ ကြီးကြီးလာခဲ့တယ်။ ဒါပေမဲ့ ကျွန်မရော ကျွန်မရဲ့အစေခံလေးကပါ ဘာမှနားမလည်ခဲ့ကြဘူး။ အဖျားရောဂါကြောင့်ဖြစ်တယ်ပဲထင်ခဲ့တာပေါ့။ ကျွန်မရဲ့မိဘတွေကလည်း အရမ်းဒေါသထွက်နေကြတာ‌ဆိုတော့ သူတို့ကို သမားဝောာ်ပင့်ပေးဖို့ အကြောင်းမကြားရဲဘူး။ ဒီတော့ အိမ်ထဲမှာပဲပုန်းနေပြီး ဘယ်သူနဲ့မှ မအတွေ့မခံရဲတော့ဘူးလေ။ ကျွန်မရဲ့အမေ ကျွန်မဆီလာလည်တဲ့အချိန်ကျဝောာ့မှ ကျွန်မသိလိုက်ရတာက... ကျွန်မမှာ ကိုယ်၀န်ခုနစ်လရှိနေပြီဆိုတာပါပဲ။ အဲဒီ့လတွေမှာ ကလေးက လုံး၀ပျက်ကျမသွားခဲ့တာတောင် ကျွန်မမိဘတွေက ကျွန်မမွေးပြီးတာနဲ့ ကလေးကိုရေနှစ်သတ်လိုက်မယ်လို့ပြောနေတာ နားစွန်နားဖျားကြားခဲ့တယ်။ ပြီးတာနဲ့ တစ်ယောက်ယောက်နဲ့ ကျွန်မကို လက်ထပ်ပေးမယ်တဲ့လေ။ အဲဒါကြောင့် ကျွန်မအရမ်းကြောက်သွားပြီး ညတွင်းချင်းပဲ အ၀တ်အစားတွေထုပ်ပိုးပြီး ဒီမြို့ဆီထွက်ပြေးလာခဲ့တာ"

online game ထဲမှာကျင့်ကြံမယ်| online game ထဲမှာကျင့်ကြံမယ်(Dropped)Onde histórias criam vida. Descubra agora