အခန်း ၄-၁။ အတွေ့အကြုံရမှတ်/အေတြ့အႀကံဳရမွတ္

249 48 2
                                    

[Unicode]

အခန်း ၄-၁။ အတွေ့အကြုံရမှတ်

စနစ်ထံမှ ဆရာတစ်ဦးအဖြစ် အသိအမှတ်ပြုခံရပြီးနောက် သစ်ရွက်လှေသည် တာဝန်ကိုသိနားလည်ရန်မှာ အကျိုးအကြောင်းသင့်သည်ဟု ခံစားမိသည်။

ဒီလို သူတို့နှစ်ယောက်အကြား အဆင့်အတန်းပြောင်းလဲမှုကြောင့် တပည့်ဖြစ်လာသူအတွက် အစီအစဉ်ဆွဲရန် သူ့မှာတာဝန်ရှိသည်လေ။

"မင်းမှာရှိတာက ခုခံကာကွယ်ရေးစွမ်းရည်လား။ ဒါမှမဟုတ် တိုက်ခိုက်ရေးစွမ်းရည်လား"

သစ်ရွက်လှေက မေးသည်။ တုကူးကျော့လည်း သူမေးချင်သည့် အဓိပ္ပာယ်ကို သိတာကြောင့် တိုတိုတုတ်တုတ်ပဲ ဖြေလိုက်သည်။
       
"ခုခံကာကွယ်ရေး"

သစ်ရွက်လှေ ဝမ်းနည်းစွာဆိုသည်။

"ခုခံကာကွယ်ရေးက ပြဿနာရှိတယ်။ keyboard ခေတ်တုန်းကဆိုရင် လူတိုင်းရဲ့အဆင့်က အရမ်းမြင့်တာ။ ဂိမ်းထဲမှာလည်း full-level ပစ္စည်းတွေနဲ့ သန့်စင်တဲ့ကျောက်မျက်တွေဆိုတာ ပြတ်တယ်လို့ကို မရှိဘူး။ ဒီတော့ ကစားသမားတွေက လက်နက်ဝယ်ဖို့ပဲလိုပြီး သူများဆီက လိုက်လုစရာမလိုဘူးပေါ့။ ဒါပေမဲ့အခုတော့ holographic game ကို လူသိရှင်ကြား စမ်းသပ်လိုက်ပြီး အဆင့်သတ်မှတ်ချက်စာရင်းမှာ ထိပ်ဆုံးနံပါတ်တစ်ကစားသမားရဲ့ အဆင့်က ၂၀ ပဲရှိတယ်။ အဆင့် ၁၀ နဲ့အထက်ရှိတဲ့ လက်နက်တွေကိုတော့ မှော်လက်နက်လို့ သတ်မှတ်ကြတယ်။ ဂိမ်းမှာ ပွင့်လင်းမြင်သာတဲ့ ဂိမ်းငွေကြေးလဲလှယ်မှုစနစ်မရှိဘူး။ မင်းက မင်းရဲ့လက်နက်တွေကို အဆင့်မြှင့်ဖို့ လုပ်ဆောင်နိုင်တယ်။ ဒါကတစ်ကယ့်ရတနာပဲ။ ဒါပေမဲ့ တပည့်လေးရေ... မင်းကအခုမှ အဆင့် ၃ ပဲရှိသေးတာကို။ ဘယ်လိုများ အဆင့်မြှင့်နိုင်တာလဲ။ မင်း level မမြင့်သေးခင် တခြားကစားသမားနဲ့ မငြင်းခုံမိအောင် ကြိုးစားနော်။ လူနည်းတဲ့နေရာကို ရှာပြီးနေပေါ့။ မင်းက ခုခံကာကွယ်ရေးစွမ်းရည်ပဲရှိတယ်ဆိုတာ လူတွေမသိစေနဲ့"

သစ်ရွက်လှေသည် ခက်ခက်ခဲခဲ တွေးဆလိုက်သော်လည်း အကောင်းဆုံးအနေဖြင့် ထိုအဖြေတစ်ခုကိုသာ တွေးမိသည်။

online game ထဲမှာကျင့်ကြံမယ်| online game ထဲမှာကျင့်ကြံမယ်(Dropped)Nơi câu chuyện tồn tại. Hãy khám phá bây giờ