အခန်း ၁၀။ မဂ်လာညနေခင်းပါ။

123 40 0
                                    

အခန်း ၁၀။ မဂ်လာညနေခင်းပါ။

အစမ်းကစားရန် ဖွင့်လှစ်ပေးသည့် beta version မှာတောင် ဂိမ်းကုမ္ပဏီများသည် ကစားသမားအရေအတွက်ကို ထိန်းညှိရန် invitation code များကို အသုံးပြုကြသည်။ သို့တိုင် လူသစ်ကျေးရွာတွင် ကစားသမားအသစ်များ ကျပ်ညပ်နေဆဲပင်။

အချို့သည် upgrade လုပ်ရန် တာ၀န်များကို အသည်းအသန်လုပ်နေပြီး အချို့မှာမူ ရှုခင်းများကြည့်ရန် လှည့်ပတ်သွားလာနေကြသည်။

လူသစ်ကျေးရွာ၏ အစွန်ဆုံးနေရာရှိ လက်ဘက်ရည်ဆိုင်ငယ်လေးသည်လည်း သဘာ၀ကျကျပင် လူများ ပြွတ်သိပ်နေသည်။

သုံးဦးသား လက်ဘက်ရည်ဆိုင်ထဲ ၀င်လာပြီးနောက် စားပွဲထိုးလေးက မှာကြားသမျှကို မှတ်စုချရေးပြီး တန်းစီစာရင်းအတိုင်း စောင့်စေသည်။ သူတို့ရှေ့မှာ ရှိနေသည့်လူအရေအတွက်ကား ၁၀၀ ထက်ပင် ကျော်နေသေးတော့သည်။

တုကူးကျော့: "..."

သူသည် လူတစ်ရာကျော်၏နောက်တွင် တန်းစီနေရင်း အခြားသူများ ပြောဆိုဆွေးနွေးနေကြသည်ကို နားထောင်နေလိုက်သည်။
   
"အား.... လက်ဘက်ရည်က 'ပျစ်နှစ်‌နေတဲ့ထမင်းရည်'လို့ ငါကြားဝောာ့ ရိုးလိုက်တဲ့နာမည်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ လက်ဘက်ရည်က တစ်ကယ်ကြီးဆိုးရွားလိမ့်မယ်လို့ မထင်မှတ်ထားဘူး"

"ပြောနေဖို့တောင်မလိုဘူး။ holographic online game ထဲမှာ အစားအစာတွေကို တော်၀င်စားတော်ပွဲမှာလို ဖန်တီးနိုင်တယ်လို့ ကြားထားတာ။ အထူးသဖြင့် အရသာက အမြင့်ဆုံးတန်ဖိုးရဲ့ ၁၂၀% လောက်အထိပေါ့။ ဒါပေမဲ့ ရလဒ်ကတော့ ငါ့ကိုသတ်မိလုနီးပါးပဲ"

"ဒီပျက်စီးနေတဲ့လက်ဘက်ရည်က ငွေဒဂ်ါး၁၀ပြားနဲ့ရောင်းတာ။ သူဌေး (ဆိုင်ရှင်) ဒီနေရာမှာ မှောင်ခိုဆိုင်ဖွင့်နေတာလား"

"မှောင်ခိုဆိုရင် ဖုံးကွယ်ထားတဲ့ ဇာတ်ကြောင်းတစ်ခု ဖြစ်နိုင်မလား"
 
keyboard ခေတ်မှာတုန်းက ကစားသမားများသည် dialog box ကျလာရန် NPC ဇာတ်ကောင်အပေါ်၌ click ရသည်။ သို့သော် holographic online game များ၌မူ NPC များကို click၍ မရနိုင်ပေ။

တစ်ကြိမ်နေရာမှားကာ click မိပါက ထန်ယဲ့ဘုရားကျောင်းက ဘုန်းတော်ကြီးလို တိုက်ခိုက်ရေး mode ဆီ ရောက်ရှိသွားပြီး ကစားသမားကို တစ်ချက်တည်းဖြင့် အသေသတ်မည်ဖြစ်သည်။ ဒါမှမဟုတ် သူတို့ရှေ့က ဘော့စ်လိုပေါ့...။

online game ထဲမှာကျင့်ကြံမယ်| online game ထဲမှာကျင့်ကြံမယ်(Dropped)Tempat cerita menjadi hidup. Temukan sekarang