[Unicode]
အခန်း ၁-၁။ တုကူးကျော့၏ဘ၀ဇာတ်ကြောင်း
ချောင်းလန့်တောင်အနီးရှိ မြို့ငယ်လေး၏အစွန်အဖျားတွင် ရိုးရှင်းသော လက်ဖက်ရည်ဆိုင်ငယ်လေးတစ်ဆိုင်ရှိသည်။
ထိုဆိုင်ထဲတွင် လူတစ်ချို့ထိုင်နေကြပြီး သူတို့တွင် ၀န်စည်စလွယ်များမပါသလို မျက်နှာများပေါ်တွင် ခရီးရှည်ထွက်လာကြပုံလည်းမပေါ်သော်ငြား သူတို့ဟာ ဒေသခံတွေမဟုတ်ဘဲ မျက်နှာစိမ်းတွေသာဖြစ်သည်။
လက်ဖက်ရည်ဆိုင်ပိုင်ရှင်ကတော့ ဒီလိုလူမျိုးတွေကို မြင်ဖူးနေကျမို့ အံ့အားသင့်ပုံမပေါ်ပါ။
ချောင်းလန့်တောင်သည် လူသားနယ်မြေ၏အဆုံးသတ်ဖြစ်ကာ အရင်ကဒီနေရာတွင် မြင့်မားသော တောင်ထွတ်တစ်ခု ရှိခဲ့ဖူးပါသည်။
ဒဏ္ဍာရီအရ တိမ်များပေါ်မှ ကောင်းကင်ဘုံဆီသို့ ရောက်ရှိရန် ထိုတောင်ထွတ်ပေါ်သို့တက်ခဲ့သည့် ကျွမ်းကျင်သူတစ်ယောက် ရှိခဲ့ပြီး သူပြန်လည်မွေးဖွားလာပြီးနောက် အထက်ဘုံ၏နတ်ဘုရားတစ်ပါး ဖြစ်လာခဲ့သည်။ ထိုတောင်ကို "ထျန်းကျူ"တောင်ဟုခေါ်သည်။
ထျန်းကျူတောင်ရှိရာကုန်းမြေသည် လူသားနယ်မြေအတွက် တားမြစ်နေရာဖြစ်ကာ သေမျိုးသတ္တဝါများအနေဖြင့် ထျန်းကျူ၏အနီးအနားရောက်လျှင်ပင် အသက်မရှင်နိုင်ပေ။
ထို့ပြင် ချောင်းလန့်တောင်တန်းကြီးတစ်ခုလုံးသည် ထူးဆန်းသည့် ရှေးဟောင်းသားရဲများ၏အရိုးများမှဖြစ်တည်လာသော ထူးဆန်းသည့်ကျောက်တုံးများမှလွဲ၍ စိုက်ပျိုးရေးလည်း မဖြစ်ထွန်းပါ။
ချောင်းလန့်တောင်တန်းကြီး၏ ဟိုတစ်ဘက်တွင် ဘာရှိသလဲဆိုတာ မည်သူတစ်ဦးတစ်ယောက်မျှမသိသလို မည်သူကမှလည်း ထိုတောင်တန်းကိုကျော်ပြီး မသွားဖူးကြပေ။ ဒါဟာ ဆယ်နှစ်ကြာသည့်တိုင်အောင်ပင်။
အဲဒီ့နောက်မှာတော့ ဓားအရှိန်အဝါနှစ်ခု ထိုနေရာမှာပေါ်ထွက်လာကာ တစ်ခုကကြည်လင်သန့်စင်ပြီး တစ်ခုကတော့ ရှုပ်ထွေးနောက်ကျိသည်။
ထိုဓားအရှိန်အဝါနှစ်ခုသည် ထျန်းကျူကိုဖြိုခွဲခဲ့ပြီး တောင်သာမက မြေကြီးများပါ ဟက်တက်ကွဲသွားခဲ့သည်။
CITEȘTI
online game ထဲမှာကျင့်ကြံမယ်| online game ထဲမွာက်င့္ႀကံမယ္(Dropped)