အခန်း ၁၉။ ခဝါသည် (သို့) အခကြေးငြွေဖင့် အ၀တ်လျှော်သူ
"ဘာကြီး... NPC လိုဟန်ဆောင်တာ တစ်ကယ်ကြီး အလုပ်ဖြစ်သွားတယ်ပေါ့လေ"
သူတောင်းစားခေါင်းဆောင်ဆီ အပြန်လမ်းတစ်လျှောက် ကြက်တွေသယ်လာရင်း လုံ@အောင့်ထျန်းတစ်ယောက် ဖြစ်ပျက်ခဲ့တာတွေကို ပြန်ပြောပြနေသော ချင်ယွဲ့၏စကားကို နားထောင်ပြီး သူ့အမူအရာက မယုံကြည်နိုင်မှုတွေနှင့် ပြည့်နှက်နေသည်။
အစတုန်းက အောင့်ထျန်းသည် မျက်နှာသာမက တစ်ကိုယ်လုံးဖုံးကွယ်ထားသော အဖွဲ့နောက်သို့ တုကူးကျော့လိုက်သွားမည်ကို သဘောမတူခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် တစ်ဘက်အဖွဲ့ကလည်း အဓိကဇာတ်ကြောင်းပေါ်မှာ လျှောက်နေတာပဲလို့ တွေးခဲ့ပြီး သူတို့သာ တစ်ဆင့်ချင်းပုံမှန် လုပ်သွားရင် ပထမဆုံးတာဝန်ပြီးစီးသောအဖွဲ့ ဖြစ်လာမည်ဟု ထင်ခဲ့သောကြောင့်ဖြစ်သည်။
အချိန်ကိုလုပြီး အလုပ်လုပ်နေရတာမို့ ဘယ်သူက တာဝန်တွေကိုလုပ်မဲ့အစား လူတွေကိုလိုက်ပြီး နောက်ယောင်ခံနေမှာလဲ။
ဒါပေမဲ့ တစ်နည်းနည်းဖြင့် တုကူးကျော့ သူတို့၏အမြီးတွေကို အောင်မြင်စွာဖမ်းဆုပ်နိုင်ခဲ့ရုံသာမက တစ်ဘက်အဖွဲ့ကို *ယာမန်၌သွားရှုပ်ရန်ပင် လှည့်စားလိုက်သေးသည်။
(*ယာမန် - ဒေသန္တရအစိုးရရုံး)
"ငါတွေးလို့ကိုမရနိုင်ဘူး"
အောင့်ထျန်းပြောသည်။
"တာဝန်တွေပေးတဲ့ NPC နဲ့ မင်းကို ဘယ်လိုများမှားသွားကြတာလဲ။ ပုံမှန်ဆိုရင် NPC တစ်ယောက် တာဝန်တစ်ခုပေးလာချိန်မှာ ကစားသမားတွေဆီ အသံအကြောင်းကြားစာပါရောက်တယ်လေ။ သူတို့မလုပ်နိုင်လောက်မဲ့ တာဝန်ဆိုရင် ကျော်ပစ်လိုက်တာပဲ"
ဘယ်လိုအကြောင်းကြားစာမှမရဘဲ ယာမန်ဆီကိုသွားခဲ့တာသာဆိုရင် သူတို့တွေက နည်းနည်း လှည့်စားရလွယ်မနေလွန်းဘူးလား""ကျော်ပစ်ဖို့ဟာက သက်သက် ထပ်ဖွင့်မှရတာ"
ယဲ့ကျိုးပြောသည်။
"PC game တုန်းကဆိုရင် ရှေ့ကတာဝန်တွေကိုကျော်ပြီး နောက်ကဟာကို ဆက်လုပ်ရင်လည်းရတယ်"
ESTÁS LEYENDO
online game ထဲမှာကျင့်ကြံမယ်| online game ထဲမှာကျင့်ကြံမယ်(Dropped)