အခန်း ၂၃။ မျိုးနွယ်ပြောင်းလဲခြင်း (အပိုင်းခွဲ-၁)
ယဲ့ကျိုးကမူ တုကူးကျော့၏ ဖြူဖျော့နေသောမျက်နှာမှာ သွေးတွေဆုံးရှုံးထားရလို့ဟု ထင်ခဲ့ပြီး တုကူးကျော့တစ်ယောက် ဂိမ်းထဲ၀င်ချိန် နာကျင်မှုကိုလျှော့ချပေးသည့်ဟာကို မလုပ်ဆောင်ခဲ့ဘူးဟုလည်း မတွေးဘဲမနေနိုင်ပေ။
ဒါကြောင့် သူအွန်လိုင်းတက်ချိန်ကျလျှင် တုကူးကျော့၏နာကျင်မှုကိုလျှော့ချရန် အကြံပေးမည်ဟု တေးမှတ်ထားလိုက်သည်။
နေ့လည်စာစားပြီးနောက် သူသည်မှန်ပြတင်းကိုဖြတ်၍ ၀င်ရောက်လာသော နေရောင်၌ နေစာလှုံရန်အတွက် သူနာပြုထံမှ ခေါ်လာခံရပြီး ခဏနေသော် တစ်မှေးအိပ်ရန် အခန်းထဲပြန်ခေါ်သွားပေးလေသည်။
ယဲ့ကျိုး၏အိပ်မက်များ ရှုပ်ထွေးနေခဲ့ပြီး ဟိုတစ်စ ဒီတစ်စဖြစ်နေသည်။ မြင့်သောတောင်တစ်တောင်ပြိုကျ၍ မီးအိုင်တစ်ခုက သူ့ကိုဝိုင်းထားသည်။
တစ်စုံတစ်ယောက်၏ ငိုကြွေးသံကို သူကြားလိုက်ရပြီး သူ့အသံမှာ ဝမ်းနည်းပူဆွေးနေပုံရသည်။ အိပ်မက်ထဲတွင် ယဲ့ကျိုးသည် ထိုလူ့ကိုနှစ်သိမ့်ချင်သော်လည်း အသံမထွက်နိုင်ပေ။
နိုးလာပြီးနောက် ယဲ့ကျိုး၏ ဦးနှောက်သည် ရှုပ်ထွေးနေခဲ့သည်။ holographic online game များသည် ဦးနှောက်ကို ပင်ပန်းနွမ်းနယ်စေသည်ဟု ဆရာဝန်ပြောတာကို သတိရမိသည်။
ဖရိုဖရဲအိပ်မက်တွေ အများကြီး ရှိလာတာနှင့် ဂိမ်းဆော့တာကို ရပ်လိုက်ရမှာဖြစ်သည်။
သူ့ခန္ဓာကိုယ်က အားနည်းလွန်းသဖြင့် အိပ်ရေးဝဝ အိပ်ရပေမည်။ တစ်ပတ်ထက်ပို၍ ကောင်းကောင်း အိက်မပျော်ပါက ဖျားနာလွယ်တတ်သည်။
ယဲ့ကျိုးသည် game helmet ကို ချီတုံချတုံ ကောက်ကိုင်လိုက်သည်။ သူကောင်းကောင်းအိပ်မပျော်သော်လည်း နေလို့ကောင်းနေပြီး သူ၏ရုပ်ပိုင်းဆိုင်ရာ ခွန်အားမှာလည်း ယခင်ကထက် အနည်းငယ် ပိုအားကောင်းနေပုံရသည်။
သူနှစ်ရက်သာ ဆက်တိုက်ကစားရသေးတာဖြစ်ပြီး တစ်ပတ်လောက် ကောင်းကောင်းမအိပ်ရသေးတာမဟုတ်ပေ။
ESTÁS LEYENDO
online game ထဲမှာကျင့်ကြံမယ်| online game ထဲမွာက်င့္ႀကံမယ္(Dropped)