အခန်း ၁၅။ သန့်ရှင်းစင်ကြယ်ခြင်းမရှိသောတုကူး (တုကူးကျော့၏ ယခင်အမည်)

99 30 0
                                    

အခန်း ၁၅။ သန့်ရှင်းစင်ကြယ်ခြင်းမရှိသောတုကူး (တုကူးကျော့၏ ယခင်အမည်)

တုကူးကျော့သည် ဘ၀တစ်လျှောက်တွင် များပြားလှသော ရုတ်တရက်ဆန်သည့် ပြောင်းလဲမှုများကို တွေ့ကြုံခဲ့ရပြီးနောက် တည်ငြိမ်သွားခဲ့သည်။

"အဲဒီ့ကလေးကဘယ်မှာလဲ" “

ဘုန်းတော်ကြီးကိုသူမေးလိုက်သည်။

"ချင်ထျန်းဓားဂိုဏ်းကို ဘယ်လိုဆက်သွယ်နိုင်မလဲ"

"အာရုံခံကြည့်ရအောင်"

ဘုန်းတော်ကြီးသည် ဘယ်ကမှန်းမသိသည့် သစ်သားငါးတစ်ကောင်ကို ထုတ်ယူလိုက်ပြီး မှန်မှန်ခေါက်လေသည်။

(*သစ်သားငါး - ရှိခိုးဆုတောင်းချိန် အသံထွက်စေရန် ရိုက်ခတ်ရသော သစ်သားတူရိယာတစ်မျိုး)

"ဒီဆင်းရဲတဲ့ဘုန်းတော်ကြီးက တို့ဟူးကိုဓာတ်ကျနေတယ်။ ရွာဂိတ်၀မှာ‌နေတဲ့ မုဆိုးမယန်က အကောင်းဆုံးတို့ဟူးကိုလုပ်နေတာ။ လူငယ်သူရဲကောင်းလေးတွေ ဒီဘုန်းတော်ကြီးအတွက် မနက်ဖြန်မနက်စောစောမှာ တစ်ချို့တစ်လေ၀ယ်လာပေးနိုင်မလား"

"အိုး... ရတာပေါ့" အောင့်ထျန်းပြောသည်။

"အကောင်းဆုံးအစိတ်အပိုင်းကိုရွေးချယ်လာဖို့ ကျွန်တော်တို့ကို တာ၀န်ပေးနေတာလား"

အဓိကဇာတ်ကြောင်းကို စိတ်လှုပ်ရှားစွာ နားထောင်ရင်းမှ တာ၀န်ကိုလက်ခံရရှိလိုက်ရာ ဘုန်းတော်ကြီး၏သင်္ကန်းကို အလျင်စလိုဆွဲလိုက်မိသည်။

ထိုအချိန်ခဏလေးအတွင်း၌ ဘုန်းတော်ကြီးသည် သစ်သားငါးကိုထိလိုက်ရာ အလင်းစက်ကွင်းတစ်ခုပေါ်လာပြီး အောင့်ထျန်းကို အဝေးသို့ တွန်းဖယ်လိုက်သည်။

ဘုန်းတော်ကြီးသည် သစ်သားငါးကို‌ခေါက်ရင်း ကျမ်းစာများကို ဆက်ရွတ်နေကာ 'တို့ဟူးမရှိရင် အနှောင့်အယှက်လာမပေးနဲ့' ဟု ပြောလိုဟန် ပြုမူလေသည်။

"ငါခန့်မှန်းတာတော့ ဒီတာ၀န်က ဒီညမပြီးနိုင်ဘူး"

နာရီကိုကြည့်ရင်း ယဲ့ကျိုးပြောသည်။

"ဆယ့်တစ်နာရီထိုးတော့မယ်။ ငါ အခုနေသွားရင် မနက်၉နာရီလောက်ပြန်ဆုံမလား"

online game ထဲမှာကျင့်ကြံမယ်| online game ထဲမှာကျင့်ကြံမယ်(Dropped)Où les histoires vivent. Découvrez maintenant