အခန်း ၈။ တရားမျှတမှုတန်ဖိုး

141 34 0
                                    

အခန်း ၈။ တရားမျှတမှုတန်ဖိုး

"မြောင်..."

ကြောင်မည်းလေးသည် သတိပြန်၀င်လာပြီးနောက် လက်စားချေလိုဟန်ဖြင့် မူလကကွေးထားသော လက်သည်းလေးများကို ဆန့်ထုတ်လိုက်သည်။
  
holographic ပုံရိပ်များဖြင့်တည်ဆောက်ထားသော "ကောင်းကင်ကိုးဘုံ"သည် အလွန်အမင်းလှပကာ သေသွားသော character ၏သွင်ပြင်ကပင် လှပနေသေးသည်။

လူမျိုးနွယ်၏ female character သည် လှပတင့်တယ်စွာ မြေပေါ်လဲကျသွားပြီး ၀တ်ရုံ၏အနားသားများသည် မြေပေါ်၌ ပြန့်ပြန့်လေးကျနေပြီး အစွန်း၌ သွေးများစွန်းပေနေပုံက အနီရောင်ပန်းများ ပွင့်နေသည့်နှယ်။

character ၏မျက်နှာသည် သွာ်လျကာ ဖျော့တော့နေပြီး မျက်၀န်းများကိုပိတ်လျက်ရှိနေသည်။

မနိုးထ‌လာသေးခင် ၀မ်းနည်းစရာအိပ်မက်တစ်ခု မက်နေသည့်နှယ် မျက်၀န်းထောင့်စွန်းမှာတော့ မျက်ရည်စီးကြောင်းတစ်ခု ကျဆင်းလို့နေလျက်။

လူမျိုးနွယ်၏ male character များအတွက် သေဆုံးပုံကတော့ female characterများထက် လှပမှုနည်းပြီး ပို၍သူရဲကောင်းဆန်သည်။

လူသားများသာမက သူ့ရှေ့မှကြောင်လေးလည်း ချွင်းချက်မရှိပေ။ သေဆုံးသွားပြီးနောက် သွေးများစိမ့်ထွက်နေပြီး အလင်းရောင် (လရောင် သို့မဟုတ် ညမီးအလင်းရောင်) နှင့်ပတ်သတ်သော special effect တစ်ခုသည် သူ့ကိုယ်သေးသေးလေးပေါ် ဖြာကျလာကာ ကြည်လင်အေးချမ်းသည့်တိုင် သနားချင့်ဖွယ်ကောင်းနေသည်။

"Level 2 ခုကျသွားပြီ"

ကြောင်မည်းလေးပြန်ထလာကာ သူ့ level ကိုစစ်ဆေးလိုက်ပြီး မျက်လုံးများတောက်ပနေသည်။

"လူသား NPC ကိုဆွဲဆောင်တာက level 4 ခုတိုးပြီး တစ်ခါအသတ်ခံရရင် level 2 ခုပဲလျော့တယ်။ ဒီနည်းလမ်းက တန်ဖိုးရှိတယ်ဟ။ ထန်ယဲ့ဘုရားကျောင်းနဲ့ နည်းနည်းဝေးတဲ့နေရာက တစ်ယောက်ယောက်က်ုရှာရမယ်။ မကြာခင် ranking list တွေ ငါနံပါတ်တစ်ဖြစ်စေရမယ်။ ဟားဟားဟားဟား"

သူသည် ထူးထူးဆန်းဆန်းကြီးရယ်မောပြီးနောက် ချင်ယွဲ့နှင့်အောင့်ထျန်းပေါ်ခုန်လွှားကာ ထန်ယဲ့ဘုရားကျောင်းမှ ထွက်သွားရန်ကြိုးစားသည်။
  
သို့သော် တုကူးကျော့အပေါ် သူဖြတ်သွားချိန်မှာတော့ လည်ဂုတ်မှ ဖမ်းဆွဲခံလိုက်ရပြန်သည်။

online game ထဲမှာကျင့်ကြံမယ်| online game ထဲမှာကျင့်ကြံမယ်(Dropped)Donde viven las historias. Descúbrelo ahora