အခန်း ၂၀။ ရှောင်ပေါင့်ကိုရှာဖွေခြင်း

122 31 2
                                    

အခန်း ၂၀။ ရှောင်ပေါင့်ကိုရှာဖွေခြင်း

"သူတို့က ဘာလို့များ ခဝါသည်ဆီ အဆိပ်ပါတဲ့တို့ဟူးကို ပို့ရတာလဲ"

အောင့်ထျန်းမေးသည်။

"သူတို့က မုဆိုးမယန်ရဲ့သား ပိုတော်လာမှာကို မမြင်ချင်လို့လား။ အဲဒီ့ကလေးက ငါတို့ရှာနေတဲ့ ရွှမ်ဓားကိုင်ဆောင်သူ ဖြစ်လာနိုင်လောက်လား"

"ခဝါသည်က ဆာလောင်နေတာတောင်မှ ဒီလိုမွှေးကြိုင်ပြီး အရသာရှိတဲ့ကြက်ကင်ကို သူ့သားစားဖို့ ချန်ထားပေးတယ်။ ရင်ထဲထိလိုက်တာ"

ချင်ယွဲ့ပြောသည်။

"သူမ တို့ဟူးကိုကြည့်ချိန်မှာ မျက်လုံးတွေက လူတွေငါ့ကို ရွှန်းရွှန်းစားစားကြီး ကြည့်ကြတာနဲ့ဝောာင် တူနေသေး... မြောင်"

ကြောင်မည်းလေးပြောသည်။

"တုကူးကျော့က ဟိုတစ်ကိုယ်လုံး ဖုံးကွယ်ထားတဲ့ အဖွဲ့ကို ယာမန်ဆီသွားအောင် လှည့်စားခဲ့တယ်မဟုတ်ဘူးလား။ ဘယ်သူ တို့ဟူးသွားပို့ချင်လဲ"

ယဲ့ကျိုးပြောသည်။ အဖွဲ့၀င်တိုင်းသည် တုကူးကျော့ကိုကြည့်လိုက်ကြပြီး သူ့ရဲ့သုံးသပ်ချက်ကို စေယင့်လေသည်။

"ရှောင်ပေါင်က ဘယ်အချိန်လောက် ပြန်လာမှာလဲ"

ခဝါသည်ကို တုကူးကျော့မေးလိုက်သည်။ ကြက်ကင်ကို ဆက်၍အနွေးဓာဆ်လေးရနေစေရန် အပူရှိန်လုံးလူံးလျားလျားမ‌ပြယ်သေးသော မီစဖိုပေါ်တွင် နေရာချရင်း ခဝါသည်အမျိုးသမီးက ဖြေသည်။

"မုဆိုးမယန်က မနက်ဘက်မှာ ပဲကြိတ်လေ့ရှိတယ်။ သူတို့ဟူးကို ယူလာခဲ့တယ်ဆိုတော့ ပြန်လာပြီဖြစ်ရမယ်။ ရှောင်ပေါင်က လိမ္မာတဲ့ကလေးတစ်ယောက်ပါ။ ဘယ်တော့မှ ဟိုဟိုဒီဒီလျှောက်မပြေးတတ်ဘူးဆိုတော့ လမ်းမှာဟင်းသီးဟင်းရွက် ခူးနေတာနေမယ်။ ကျွန်မတို့က ဒီနေ့အသီးအရွက် မလိုဝောာ့ဘူးဆိုတော့ လူငယ်သူရဲကောင်းလေးတို့ ကျွန်မသားလေး ကြက်သားစားလို့ရအောင် ရှာပြီးခေါ်လာပေးကြပါလား။ ဒီလိုကောင်းမွန်တဲ့ အစားအစာကို အေးစက်မသွားစေချင်ဘူး"

"ရှောင်ပေါင်ကို ရှာခြင်း" က အခုတော့ အဖွဲ့လိုက် စုပေါင်းလုပ်ရမည့်တာ၀န်တစ်ရပ် ဖြစ်သွားပေပြီ။

online game ထဲမှာကျင့်ကြံမယ်| online game ထဲမှာကျင့်ကြံမယ်(Dropped)Donde viven las historias. Descúbrelo ahora