အခန်း ၁၇။ ချန်ဟွမ်ဘုရားကျောင်း

85 23 0
                                    

အခန်း ၁၇။ ချန်ဟွမ်ဘုရားကျောင်း

ဒီအဖွဲ့သည် သူတို့၏တာ၀န်ကို ဆောင်ရွက်ရန် အလျင်လိုမနေပါချေ။ ထိုအစား တို့ဟူး၀ယ်နေသည့် မျက်နှာဖုံးထားသော ကစားသမားကို ကြည့်ရန် အဆောက်အဦ၏ အနောက်တွင် ပုန်းလိုက်ကြသည်။

"လူသား၊ မိစ္ဆာနဲ့ အပင်ဝိဉာဉ်ကစားသမားတွေက နေ့ဘက်မှာ အဲဒီ့လိုမ၀တ်ကြဘူး။ ဒါကြောင့်သူတို့က အထူးသီးသန့် NPC တွေ၊ နတ်ဆိုးတွေ ဒါမှမဟုတ် သရဲတို့ ဘာတို့ဖြစ်မယ်"

ချင်ယွဲ့က ယုံကြည်မှုရှိရှိဖြေသည်။

"ဘယ်လိုဖြစ်နိုင်မှာလဲ"

ကြောင်မည်းလေး မေးသည်။

"Video game တွေရဲ့ အသွင်အပြင်လေ"

ချင်ယွဲ့ပြောသည်။

"ဘယ်လိုကစားသမားမျိုးက ဒီလို၀တ်မှာလဲ။ မဟုတ်ရင်ရော ဘာလို့ သူတို့မျက်နှာတွေကို မပြနိုင်ရတာလဲ"

"Video game တွေရဲ့ အသွင်အပြင်လား"

သူ့နောက်ကျောကို ခုံးထားရင်း ထိတ်လန့်အံ့ဩဟန်ဖြင့် ကြောင်မည်းလေးပြောသည်။

"ဘာကစားနေတာမို့လဲ။ dress-up gacha game တွေမို့လို့လား"

ချင်ယွဲ့သူ့မျက်နှာသူ ထိကိုင်လိုက်ပြီးနောက် တုကူးကျော့ကို မနာလိုစွာ တစ်ချက်ကြည့်သည်။

"VR ဂိမ်းတွေထဲမှာမှ ဒီဂိမ်းရဲ့ max level attractive character တွေနဲ့ ကစားဖို့ ငါလှည့်စားခဲ့တယ် မဟုတ်ဘူးလား"

helmet တစ်ခုရဖို့ ငွေတွေအများကြီး သုံးခဲ့ပြီးမှ ဒီငတုံးဂိမ်းက နဂိုအသွင်အပြင်ရဲ့ 80% အောက်ထစ်လောက်ပဲ ရုပ်ရည်တူပေးမှန်း သိခဲ့ရတယ်။ level တင်တိုင်း ကျွန်မရဲ့အရည်အချင်းမှတ်တွေကို အသွင်အပြင်ကိုပြုပြင်နိုင်ဖို့ သုံးခဲ့ရတယ်။ အခုတော့ ကြည့်ရအဆင်ပြေသွားပြီ"

ကောင်းကင်ကိုးဘုံတွင် စွမ်းရည်ခြောက်မျိုးရှိပြီး ခွန်အား၊ ကျန်းမာရေး၊ ဝိဉာဉ်စွမ်းအား၊ လျှင်မြန်ခြင်း၊ ဆွဲဆောင်မှုနှင့် စိတ်စွမ်းအင်တို့ဖြစ်သည်။

level တစ်ခါတင်တိုင်း စွမ်းရည်တစ်မျိုးလျှင် တစ်မှတ်စီ အလိုအလျောက်တိုးသည်။ နောက်တော့ ဂိမ်းက ကစားသမားတိုင်းကို တစ်ခုလျှင် တစ်မှတ်စီတင်ရန် ခြောက်မှတ်ပေးပြီး ကိုယ့်ဘာသာလိုအပ်သလို တင်စေသည်။

online game ထဲမှာကျင့်ကြံမယ်| online game ထဲမှာကျင့်ကြံမယ်(Dropped)Tempat cerita menjadi hidup. Temukan sekarang