အခန်း ၂၆။ ဓားသခင် (အပိုင်းခွဲ-၁)

55 14 2
                                    

အခန်း ၂၆။ ဓားသခင် (အပိုင်းခွဲ-၁)

"ဝိဉာဉ်မျိုးနွယ်တွေက မိစ္ဆာတွေနဲ့မတူဘူး"

တုကူးကျော့ကရှင်းပြသည်။

"မိစ္ဆာတွေက အဆီအနှစ်တွေစုပ်ယူကျင့်ကြံပြီး သတ်မှတ်ချက်ရောက်ရင် အသွင်ပြောင်းနိုင်တယ်။ လူငယ်လေးပုံစံ၊ မိန်းမပျိုပုံစံ အလိုရှိသလို ပြောင်းလို့ရတယ်။ ဒါပေမဲ့ ဝိဉာဉ်ရေးရာမျိုးနွယ်တွေကမတူဘူး။ သူတို့ပုံစံက ပြောင်းလဲလို့ရပေမဲ့ သုံးနှစ်ကလေးအရွယ်ပဲရတယ်။ ဒါကြောင့်ပဲ အခုလို 'လင်ဇီးကလေးလေး' တို့ 'ဂျင်ဆင်းကလေးလေး' တို့ဆိုတာမျိုးတွေပဲ ကြားဖူးနေရတာပေါ့"

လူတိုင်း : “…”

"ဒီလိုဒဏ္ဍာရီမျိုးတွေ မင်းသိနေတာပဲ"

အောင့်ထျန်းပြောလိုက်သည်။

"ဒီအကြောင်းတွေက PC version တုန်းကတောင် မရှိဘူး"

ယဲ့ကျိုးပြောသည်။

"game company က ဘာပဲဖြစ်ဖြစ် ကစားသမားတွေအနေနဲ့ VR game တစ်ခုကို ကစားကြမှာပဲဆိုပြီး နှိပ်စက်ညှဉ်းပမ်းချင်တာလား"

ချင်ယွဲ့နှင့်ကြောင်မည်းလေးက  အချင်းချင်း ကောက်ကျစ်စဉ်းလဲဟန်ဖြင့် တစ်ပြိုင်တည်းကြည့်လိုက်ကြသည်။

"ငါတို့ဘာမှလုပ်စရာမရှိဘူးဆိုတော့ စိတ်လှုပ်ရှားစရာလေးတွေ သွားကြည့်ရအောင်လေ"

သူတို့အားလုံး level 20 ဆီတက်ရန်အတွက် လုံလောက်သော EXP များရှိကြသည်မို့ အလျင်မလိုပေ။ ဒီတော့ ဂိမ်းကို ပြုပြင်ထိန်းသိမ်းနေဆဲ အချိန်အတွင်း လျှောက်ပတ်ကြည့်ရင်း အချိန်ဖြုန်းနိုင်ကြသည်။ ဒီ့ထက်ကောင်းတဲ့အရာကို စဉ်းစားမရတော့ပေ။

ကြောင်မည်းလေးက ပရမ်းပတာဖြစ်စေသော ကိစ္စရပ်များ၌ အမြဲတက်ကြွတတ်ပေရာ အခုလည်းထန်ယဲ့ဘုရားကျောင်းဆီ ဦးတည်နေသော ခရီးလမ်း၌ ရှေ့ကဦးဆောင်နေတော့သည်။

မုဆိုးမယန်၏သားကို ထန်ယဲ့ဘုရားကျောင်း၏ ဆုံးမသွန်သင်မှုအောက်တွင် ထားရှိကြောင်း တရားသူကြီး၏ လက်ထောက်က အစောပိုင်းကတည်းကပြောသွားရာ   leaderboard မှ နံပါတ်တစ်ကစားသမားဖြစ်သည့် လင်ဇီးမှိုလေးကလည်း ထိုကလေးကိုကုသရန် အဲဒီ့မှာရှိနေလိမ့်မည်။

online game ထဲမှာကျင့်ကြံမယ်| online game ထဲမှာကျင့်ကြံမယ်(Dropped)Onde histórias criam vida. Descubra agora