အခန်း ၂၆။ ဓားသခင် (အပိုင်းခွဲ-၂)
လင်ဇီးမှိုလေးက သွားကြိတ်လိုက်သည်။
"မိန်းကလေးပုံစံဖြစ်နေတာကို အရမ်းကြီးစိတ်ထဲမထားပါဘူး။ ဒါပေမဲ့ လှပတဲ့ မိန်းမပျိုလေးဆိုရင် ဟုတ်တုတ်တုတ်လေ။ အခုဟာက လှပတဲ့ မိန်းမပျိုလေးမှမဟုတ်ဘဲ။ လမ်းတောင်ကောင်းကောင်းလျှောက်မရနေဘူး။ တိုက်ခိုက်ပြီး EXP စုဖို့ဆိုတာ ဖြစ်နိုင်ပါဦးမလား"
လင်ဇီးမှိုလေးကိုကြည့်ပြီး မရယ်မောသူက တုကူးကျော့တစ်ယောက်တည်းသာ။ သူက တည်ငြိမ်စွာပြောလိုက်သည်။
"ဝိဉာဉ်ရေးရာမျိုးနွယ်၀င်တွေက သစ်သားနဲ့မြေကြီးရဲ့စွမ်းအင်နဲ့ အမြန်ရွေ့လျားနိုင်တယ်။ အဆင့်တူတဲ့ ကျင့်ကြံသူတစ်ယောက်က သူတို့ကိုဘယ်ဝောာ့မှ တစ်ယောက်—တစ်ယောက်ချင်း ဖမ်းနိုင်မှာမဟုတ်ဘူး"
"ဟမ်... အဲဒီ့လိုလား"
လင်ဇီးမှိုလေးက ၀တ်ရုံအောက်မှ တုကူးကျော့၏ ခြေတံရှည်များကို အားကျဟန်နှင့် ကြည့်သည်။
"ကျွန်တော်ကြိုးစားကြည့်မယ်"
သူ(သူမ)သည် ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေကာ နေရာရွှေ့ရန် စွမ်းအင်သုံးကြည့်သော်လည်း မရတာကြောင့် တုကူးကျော့ကို စိုက်ကြည့်လိုက်သည်။
"ထန်ယဲ့ဘုရားကျောင်းထဲမှာက အစီအရင်တစ်ခုရှိတယ်။ မဟာယနအဆင့်မရောက်သေးရင် စွမ်းအင်သုံးလို့မရနိုင်ဘူး"
တုကူးကျော့ ရှင်းပြသည်။ ဘုန်းတော်ကြီးချန်ယိ၏ ကျေးဇူးတင်သောအကြည့်အောက်၌ တုကူးကျော့သည် လင်ဇီးမှိုလေးကို ကောက်ပွေ့လျက် ကံကြမ္မာသစ်တောဆီခေါ်သွားလေသည်။ အဖွဲ့သားတွေကလည်း တစ်ပါတည်းလိုက်လာကြသည်။
ကံကြမ္မာသစ်တောသည် ဟိုအရင်ရက်တွေကလို အေးချမ်းမှုမရှိတော့ပေ။ ကစားသမားများက ထိုတောရှိရာမြေပုံကို ရှာတွေ့သွားကြပြီမို့ သားရဲအရေအတွက်ထက် ကစားသမားအရေအတွက်က ပိုများလာပြီး ဥပမာပေးရလျှင် သစ်ပင်တစ်ပင်နှင့် ထိုအပင်၏ ကိုင်းတက်များသဖွယ်ဖြစ်နေလေသည်။
"အခုကြိုးစားကြည့်တော့"
ESTÁS LEYENDO
online game ထဲမှာကျင့်ကြံမယ်| online game ထဲမွာက်င့္ႀကံမယ္(Dropped)