[Unicode]
အခန်း ၃၅-၂။ ယဲ့ကျိုးဒေါသထွက်လာပြီ
ကစားသမားတစ်ယောက်က တုကူးကျော့နှင့် ယဲ့ကျိုးကို လက်ညှိုးထိုးပြီး ကျယ်လောင်စွာ ရယ်မောသည်။
"မင်းတို့ လူနှစ်ယောက်တည်းနဲ့ အကျဉ်းထောင်တိုက်ပွဲကို နိုင်မယ်ထင်နေတာလား။ မင်းတို့နှစ်ယောက်လုံး ရူးနေတာလား"
ထိုစကားများသည် တုကူးကျော့ကို အတိတ်အကြောင်း တွေးနေမိခြင်းမှ နိုးကြားစေခဲ့သည်။ ယဲ့ကျိုးသည် အလွန်ဒေါသထွက်နေပြီး တစ်ဖက်လူကို ရိုက်နှက်လိုသည့်ပုံစံဖြင့် လက်ဟန်ပြင်လိုက်ကို မြင်လိုက်ရသောကြောင့် တုကူးကျော့အမြန်တားကာ ခေါင်းကိုဖွဖွလေး ပွတ်သပ်လိုက်သည်။
"မလုပ်နဲ့... ငါ့စကားကို နားထောင်"
ယဲ့ကျိုးဟာ တုကူးကျော့၏စကားကို အမြဲနာခံတတ်ခဲ့သော်လည်း အခုတစ်ခါမှာတော့ မခံချိမခံသာဖြစ်နေရာ ရပ်တန့်လိုစိတ် မရှိပါချေ။
"တိုက်ကြရအောင်.... ဒါဆိုရင် ငါတို့မှာ လိုအပ်ချက်ရှိမရှိ မင်းသိလိမ့်မယ်"
ကစားသမားသည် ယဲ့ကျိုးကို အပေါ်အောက် စုန်ချည်ဆန်ချည်ကြည့်ကာ ရယ်မောလိုက်သည်။
"မင်းကလား... မေ့လိုက်ပါတော့။ ငါက level 20 ရောက်နေပြီးပြီ။ ကစားသမားအသစ်တွေကို ဒီအကျဉ်းထောင်အကြောင်း လမ်းညွှန်ပေးဖို့ ဒီနေရာကို ပြန်လာခဲ့တာ။ မင်းမှာ ငါ့ကို အနိုင်ယူဖို့ နည်းလမ်းမရှိဘူး"
"မင်းမှာ တိုက်ခိုက်ဖို့ သတ္တိရှိ၊ မရှိဆိုတာကို ဘာလို့ မပြောတာလဲ"
ယဲ့ကျိုးဟာ မာနကြီးစွာဖြင့် ခေါင်းကို မော့ထားလိုက်သည်။
ထိုကစားသမားက သူ့အဖွဲ့ဝင်များကို ပြန်ကြည့်ကာ ပြောလိုက်သညိ။
"ငါ့ကို ခဏစောင့်။ ငါသူနဲ့ တစ်မိနစ်လောက် ဖြေရှင်းလိုက်ဦးမယ်"
ယဲ့ကျိုးကလည်း တုကူးကျော့ကိုပြောလိုက်သည်။
"ငါနောက်ကျမှ offline လုပ်မှာ။ ဒါကြောင့် ငါ့ကိုတားဖို့မကြိုးစားနဲ့"
တုကူးကျော့တစ်ယောက် သူ့ကို ကူကယ်ရာမဲ့စွာကြည့်ကာ အေးဆေးစွာ ပြောလိုက်သည်။
VOUS LISEZ
online game ထဲမှာကျင့်ကြံမယ်| online game ထဲမွာက်င့္ႀကံမယ္(Dropped)