၃၃-၁။ မန္တန်များ သင်ကြားခြင်း [မႏၲန္မ်ား သင်ကြားခြင်း]

60 11 2
                                    

[Unicode]

အခန်း ၃၃-၁။ မန္တန်များ သင်ကြားခြင်း။

ကျင့်ကြံခြင်းက ရိုးရှင်းသောကိစ္စတစ်ခုဟု ယဲ့ကျိုးထင်ခဲ့သည်။ သူကိုယ်တိုင် ချီစွမ်းအင်ကို ခံစားမိချိန်မှာတော့ အင်အားစိုက်ထုတ်ရန်မလိုဘဲ level 30 သို့မဟုတ် 40 ကို အသာလေးတက်သွားနိုင်သည်ဟု ခံစားမိလာသည်။

ဒီလိုနှင့် နောက်ရက်တွေမှာတော့ သူ့အကောင့်ကို logging on (online)လုပ်>> ကျင့်ကြံ>> logging off (offline) လုပ်>> နေ့လည်စာစား>> နေစာလှုံ>> အနှိပ်ခံ>> တစ်မှေးအိပ်>> logging on ထပ်လုပ်>> နောက်ထပ်ကျင့်ကြံ...... စသည်ဖြင့် သံသရာလည်နေတော့သည်။

ဂိမ်းထဲတွင် ဦးတည်ရာမဲ့ လျှောက်သွားကာ တောင်အမြင့်ကြီးတွေနှင့် မြစ်ပြင်ကျယ်တွေကို ကြည့်ရှုလိုသော သူ့အိပ်မက်က ဒီလိုနှင့်ပျောက်ကွယ်သွားလေပြီ။

အဲဒီ့အစား တည်းခိုခန်းထဲက ကျင့်ကြံရေးအခန်းထဲမှာပင် တုကူးကျော့နှင့် မျက်နှာချင်းဆိုင်ကျင့်ကြံရင်း၊ သူ့ကိုငေးမောရင်း နေ့ရက်တွေကို ကုန်ဆုံးနေလေသည်။

အာ... သူတုကူးကျော့ကို တစ်ကယ်ကြီး တစ်နေ့လုံးထိုင်ကြည့်နေတာတော့ မဟုတ်ပါ။ ကျင့်ကြံရေးက အနည်းဆုံးတော့ သူ့ကျန်းမာရေးကိုကောင်းစေပြီး မျက်စိမှိတ်ကာ ဝိဉာဉ်စွမ်းအင် (ချီစွမ်းအင်) များကို စုဆောင်းကာ လမ်းကြောင်းထဲ သုံးဆယ့်ခြောက်ကြိမ် လှည့်ပတ်ပြီးပါက သူ့ခန္ဓာကိုယ်က နေလို့ပိုကောင်းလာတတ်သည်။

ယဲ့ကျိုးသည် အကောင်းဆုံးကုသခြင်းခံယူနေသော်လည်း နာတာရှည်အဖျားရောဂါက သူ့အပေါ်မှာ ကျန်ရှိနေဆဲပင်။ သူ့ခန္ဓာကိုယ်က အဆက်မပြတ် လေးလံနေခဲ့ပြီး သက်၀င်တက်ကြွမှုတို့ ကင်းမဲ့နေကာ အသားအရည်ဖြူဖျော့ပြီး မကြာခဏပင်ပန်းနွမ်းနယ်နေတတ်သည်။

ဂိမ်းထဲတွင်ကျင့်ကြံခြင်းက သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုကို အကူအညီပေးနေတာ ဖြစ်ကောင်းဖြစ်နိုင်သည်။ အထူးသတိပြုမိတာက ဒီရက်ထဲ အစားအသောက် ကောင်းကောင်းစားလို့၀င်နေတာမို့ သူ့အသားအရည် ပိုကောင်းလာသည်။

ဒါပေမဲ့ အဲဒါကြောင့်ပဲ သူ့ရဲ့ level တက်တဲ့နှုန်းကလည်း အလွန်အမင်း ကျဆင်းသွားခဲ့သည်။ ကျင့်ကြံခြင်းဖြင့် သူ့အတွက် level တင်ရန် EXP တွေကို လုံလောက်အောင် မရရှိနိုင်ပေ။

online game ထဲမှာကျင့်ကြံမယ်| online game ထဲမှာကျင့်ကြံမယ်(Dropped)Dove le storie prendono vita. Scoprilo ora