အခန်း ၅-၁။ ထန်ယဲ့ဘုရားကျောင်း/ထန္ယဲ့ဘုရားေက်ာင္း

187 46 6
                                    

[Unicode]

နည်းနည်းကြိုပြောချင်တာက ကျင့်ကြံရေးအဆင့်၊ ဓားအဆင့်တွေပါ။ သိုင်းစာစဉ်တွေဖတ်ပေမဲ့ တစ်ခါမှမပြန်ဖူးတာမို့ ဖတ်ရထောက်နေတာတွေရှိရင် ပြန်မေးလို့ရပါတယ်နော်။ လေပြည်လည်း တိုက်ရိုက်ပြန်မဟုတ်ဘဲ Eng to Mm ပြန်ရတာဆိုတော့  အတတ်နိုင်ဆုံးတော့ နားလည်အောင် ရေးထားပါတယ်။

*******

အခန်း ၅-၁။ ထန်ယဲ့ဘုရားကျောင်း

တုကူးကျော့သည် သူ့ဒဏ်ရာဘယ်လောက်အထိ ‌ကောင်းသွားပြီလဲဆိုတာနှင့် စွမ်းရည်ကိုစစ်ဆေးရန်အတွက် ချင်ထျန်းဓားဂိုဏ်းကိုစတင်၀င်ရောက်သော တပည့်တိုင်း မဖြစ်မနေ လေ့ကျင့်သင်ကြားရသည့် "ဓားဒြပ်စင်ငါးမျိုး"ကို ကစားကြည့်လိုက်သည်။

ဓားကိုမွမ်းမံရန် အဆင့်ငါးဆင့်ရှိသည်။ အမည်အားဖြင့် သာမန်ဓား၊ တော်၀င်ဓား၊ အကြွင်းမဲ့ဓား၊ ပျောက်‌ဆုံးနေသောဓားနှင့် တည်ရှိခြင်းမဲ့ဓားတို့ဖြစ်သည်။

ကျင့်ကြံသူတစ်ယောက်သည် ဓားနှင့်တစ်သားတည်းဖြစ်ရန် ပါရမီမရှိပါက မသေမျိုးတစ်‌ယောက် ဖြစ်သွားလျှင်ပင်
"သာမန်ဓား" အဆင့်အထိသာ ရောက်နိုင်လိမ့်မည်။

တာအိုကျင့်ကြံခြင်းထဲ ၀င်ရောက်ပြီးပါက ဓားရေးကျင့်ကြံခြင်း၌ အလွန်ပါရမီထူးလျှင် "ပျောက်‌ဆုံးနေသောဓား" အဆင့်သို့ ရောက်နိုင်သည်။

"ဓားဒြပ်စင်ငါးမျိုး"သည် ကျင့်ကြံသူတစ်ယောက်၏ ကျင့်ကြံခြင်းစွမ်းအားနှင့် ပတ်သတ်မှုတော့မရှိပါ။

ဓားရေးကျင့်ကြံခြင်းအတွက် တိကျသော စိတ်စွမ်းအားကျင့်ကြံရေးနည်းလမ်းဖြစ်ပြီး အဆင့်သုံးဆင့်ခွဲခြားထားသည်။

ပထမအဆင့်တွင် ဓားဒြပ်စင်ငါးမျိုးပါ၀င်ပြီး ရွှေဓား၊ သစ်သားဓား၊ မြေကမ္ဘာဓား၊ ရေဓားနှင့် မီးဓားတို့ကို လေ့ကျင့်ရသည်။

ဆိုလိုသည်မှာ ပထမအဆင့်၌ ဒြပ်စင်ငါးမျိုးပါ၀င်‌သော သာမန်ဓား၏ မတူညီသောစွမ်းအားများကို ထိန်းချုပ်နိုင်ရန်ဖြစ်သည်။

ဒုတိယအဆင့်မှာ ဒြပ်စင်ငါးပါးကို စွန့်လွှတ်ရန်ပြီး သင့်လျော်သော စိတ်ဝိဉာဉ်ဓားကို ရွေးချယ်ရန်၊ ထိုစိတ်ဝိဉာဉ်ဓားကို တော်ဝင်ဓားအဆင့်သို့ မြှင့်တင်ရန်၊ ဓားဝိဉာဉ်ဖြစ်တည်လာစေရန်၊ ဓား၏ သခင်ဖြစ်လာပြီး တော်၀င်ဓားကို ကိုင်ဆောင်ရန် ဖြစ်သည်။
 
တတိယအဆင့်မှာ မြင်နိုင်သောဓားမှ ခွဲထွက်ကာ မမြင်နိုင်သောဓား၊ ကောင်းကင်ဒြပ်စင်ငါးမျိုးနှင့် နေရာတိုင်းရှိ မည်သည်ကိုမဆိုဓားအဖြစ်သုံးနိုင်ရန် ပြုပြင်မွမ်းမံခြင်းအဆင့်ဖြစ်သည်။

online game ထဲမှာကျင့်ကြံမယ်| online game ထဲမှာကျင့်ကြံမယ်(Dropped)Donde viven las historias. Descúbrelo ahora