အခန်း ၆-၂။ ရှောင်လွှဲချင်ခဲ့သောကံကြမ္မာ/ေရွာင္လႊဲခ်င္ခဲ့ေသာကံၾကမၼာ

173 38 0
                                    

[Unicode]

အခန်း ၆-၂။ ရှောင်လွှဲချင်ခဲ့သောကံကြမ္မာ

အခမဲ့ဆေးပေးခန်း၏ရှေ့တွင် NPC အများကြီးမရှိပါ။ အလွန်ဆုံးမှ ငါးယောက်လောက်သာ။

လူတစ်ယောက်ကို ကုသပြီးနောက် နောက်ထပ်ကစားသမားများက အဆုံး၌ စီလျက်စောင့်နေလေသည်။

တုကူးကျော့သည် အဖွဲ့တစ်ဖွဲ့၏အဆုံး၌ရပ်နေပြီး လူရေပါက ခြောက်ယောက်မြောက်ဖြစ်သည်။ သို့သော် ဘယ်သူကမှ သူ့ကို မရပ်တန့်ခိုင်းပေ။

ကစားသမားများ၏ ပေါက်ပေါက်ဖောက်နေသော စကားသံများကို မကြားသကဲ့သို့နေကာ သူ့အလှည့်ရောက်မည်ကိုသာ စောင့်နေလေသည်။
 
တုကူးကျော့သည် ဒီထန်ယဲ့ဘုရားကျောင်းတွင် ဘာတွေဖြစ်နေသည်ဆိုတာ အမြင်ကျယ်ကျယ်တွေးမိပြီး ကစားသမားများ၏ ဆွဲဆောင်မှုက သူ့ကို စည်းမျဉ်းအချို့ ရှာဖွေတွေ့ရှိ‌စေသည်။

ပထမ... ကစားသမားများအတွက် ပြိုင်ဘက်တစ်ယောက်သည် ကစားသမားလား၊ NPCလားဆိုတာ ခွဲခြားရန် ခက်ခဲသည်။ NPC လည်း ဖြစ်နိုင်တာမို့ပင်။
 
ဒုတိယ... NPC၏အလုပ်ကို နှောင့်ယှက်ပါက NPC ထံမှ အပြစ်ပေးခံရမည်။
 
တတိယ... အကယ်၍ တိုက်ခိုက်ကြမည်ဆိုပါက ထန်ယဲ့ဘုရားကျောင်းမှ ဘုန်းတော်ကြီး၏ တိုက်ခိုက်မှုကို သူရှောင်ရှားနိုင်လောက်သည်။

စောနတုန်းက ဘုန်းတော်ကြီးသည် လှုပ်ရှားမှုနှစ်ခုသာ ပြုလုပ်ခဲ့ပြီး ထိုလှုပ်ရှားမှုများက မရှုပ်‌ထွေးကြောင်း၊ ကစားသမား၏ levelနှင့်ညှိကာ ညှာတာမှုမရှိဘဲ တိုက်ခိုက်တာဖြစ်ကြောင်း သူ့အကြည့်ဖြင့်ပင် ခွဲခြမ်းစိတ်ဖြာနိုင်သည်။
 
လင်ဇီးမှိုလေးကို ထိကိုင်နေသူနှင့် ကြောင်မည်းလေး ကစားသမားနှစ်ယောက်က level တွေမတူကြပေ။ ဒါကြောင့် ဘုန်းတော်ကြီးက သူတို့ကိုတိုက်ခိုက်တော့လည်း သုံးသည့်ခွန်အားကွဲပြားသည်။

တုကူးကျော့သည် ဘုန်းတော်ကြီး၏တိုက်ခိုက်ရေးစွမ်းအားကို တိတ်တဆိတ်သုံးသပ်နေပြီး ကစားသမား၏ level ထက် ၅၀% ခန့်ပိုများမည်ဟု ခန့်မှန်းလိုက်သည်။
 
သူနှင့်သာတိုက်ခိုက်မည်ဆိုပါက သူ၏ခြေဖော့သိုင်းနှင့်ဆိုလျှင် ထိုတိုက်ခိုက်မှုကို ရှောင်တိမ်းရန် ၇၀% လောက် တတ်နိုင်သည်။

online game ထဲမှာကျင့်ကြံမယ်| online game ထဲမှာကျင့်ကြံမယ်(Dropped)Nơi câu chuyện tồn tại. Hãy khám phá bây giờ