[Unicode]
အခန်း ၃-၂။ သွေးမဟာမိတ်ဖွဲ့ခြင်း
တုကူးကျော့သည် ရုတ်တရက်ဆိုသလို သားရဲများသတ်စဉ်က သူကြားခဲ့ရသောအသံကို သတိရလိုက်သည်။
သိုလှောင်ရေးကျောက်စိမ်းပြား (ယဲ့ကျိုး၏ဝိဉာဉ်ထည့်ခဲ့သောကျောက်စိမ်းပြား)ကို ခါးမှာချိတ်လိုက်ပြီးနောက် သူ၏စိတ်၀ိဉာဥ်ကိုသုံးကာ ကျောက်စိမ်းပြားအား စစ်ဆေးလိုက်သည်။ဟုတ်သည်။ အထဲတွင် အတော်လေးကိုနည်းပါးလှသော ဝိဉာဉ်ကျောက်တုံးများ၊ ထူးဆန်းသောပစ္စည်းတစ်ချို့နှင့် ကျောက်စိမ်းပေလွှာများပါ ရှိနေသည်။
ယဲ့ကျိုး၏ရုပ်ပိုင်းဆိုင်ရာအခြေအနေက ဒီထူးဆန်းသောကမ္ဘာနှင့် သက်ဆိုင်မလားဆိုတာကတော့ ပြောဖို့ခက်လှသည်။
တုကူးကျော့သည် ကံကြမ္မာသစ်တောထဲတွင် သားရဲများကိုကြည့်နေသော လူငယ်လေးယဲ့ကျိုးကို ကြည့်လိုက်ပြီးနောက် ကျောက်စိမ်းပေလွှာတစ်ခုကိုယူကာ သူ၏စိတ်၀ိဉာဥ်ဖြင့် စစ်ဆေးလိုက်သည်။ကျောက်စိမ်းပေလွှာသည် ကျင့်ကြံရေးနည်းလမ်းများကို မှတ်သားရန်အတွက် ကျင့်ကြံရေးလောကတွင် အသုံးများသော မှော်လက်နက်ဖြစ်သည်။
ကျင့်ကြံရေးနည်းလမ်းများကို ရေးသားရန်အတွက် သင့်လျော်သော ဝိညာဉ်ရေးရာကျောက်စိမ်းကို ဝါးပြားလေးများဖြင့် ပြုလုပ်ထားသည်။
{*Media မှာ ပုံပြထားပါတယ်။}
ပညာရှင်သည် ကျောက်စိမ်းပေလွှာများတွင် ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို မှတ်တမ်းတင်ရန် နတ်ဝိဉာဏ်ကို အသုံးပြုသည်။ အကြောင်းအရာများကို ကျောက်စိမ်းပေလွှာ၌သာမက စာအုပ်ဖြင့်လည်း မှတ်တမ်းတင်နိုင်သည်။
အစပထမတုန်းက တုကူးကျော့သည် ဒီကျောက်စိမ်းပေလွှာတွင် ဟိုယခင်ကတားမြစ်ခံခဲ့ရသော "နီကျန်းကျွယ်" ကို မှတ်သားထားလိမ့်မည်ဟု တွေးခဲ့တာဖြစ်သည်။
စိတ်ဝိဉာဉ်၀င်ရောက်ပြီးနောက်မှာမှ တစ်စုံတစ်ခုများယွင်းနေကြောင်း ခံစားမိလိုက်သည်။ ထိုပေလွှာတွင် မရှင်းလင်းသည့် စကားလုံးများနှင့် သက်ေတများကို ရေးသားထားသည်။
ESTÁS LEYENDO
online game ထဲမှာကျင့်ကြံမယ်| online game ထဲမွာက်င့္ႀကံမယ္(Dropped)