အခန်း ၁၁။ ယဲ့ကျိုးလိုင်းတက်လာပြီ။
"ကောင်းကင်ကိုးဘုံ" ဂိမ်းထဲရှိ နေရာချထားမှု၌ သားရဲမိစ္ဆာများနှင့် လူသားတို့သည် ဇာစ်မြစ်အတူတူပဲဖြစ်ကာ ဂိမ်းနောက်ခံကို ရှေးခေတ်ဒဏ္ဍာရီအဖြစ် အခြေခံထားသည်။
ဒဏ္ဍာရီထဲတွင် ချီယုံမိသားစုသည် မိစ္ဆာသားရဲများဖြစ်ကာ လူသားများနှင့် အသွင်တူပြီး ခေါင်းပေါ်တွင်ချိုများနှင့် ခြေလက်များ၌ ခွာများပါရှိခြင်းသာ ကွဲပြားသည်။
သူတို့သည် ကြီးထွားရှည်လျားသော အရပ်အမောင်းရှိကာ သန်မာသော ခွန်အားများလည်းရှိသည်။ ကစားသမားများသည် ထိုမျိုးနွယ်ရွေးချယ်ကစားနေသမျှ ကာလပတ်လုံး သူတို့အရပ်အမောင်းသည် ၁၅၀%လောက် ရှည်လျားနေမည်ဖြစ်သည်။
ဒီအချက်ကပဲ ကစားသမားများ၏နှလုံးသားကို မွှေနှောက်ကာ ဒီမျိုးနွယ်ကိုရွေးအောင် ဖျားယောင်းသွေးဆောင်နေတာပဲဖြစ်သည်။
ချင်ယွဲ့နှင့် အောင့်ထျန်း၏ သူငယ်ချင်း ရှောင်ယောင်လို ညအခါတွင် လမ်းမများပေါ်သို့ ထွက်လာကြသော မိစ္ဆာမျိုးနွယ်တို့သည် ပြီးပြည့်စုံစွာ အသွင်မပြောင်းရသေးပေ။
ရှောင်ယောင်ဆိုလျှင် မိုးမခပင်၏အသွင်အပြင်အတိုင်း ရှိနေသေးသည်။ သို့သော် အပေါ်ယံမှာသာ မိုးမခပင်ဖြစ်ကာ အမြစ်များကမူ လှုပ်ရှားယိမ်းထိုးနေနိုင်လေပြီ။သစ်ကိုင်းများကိုလည်း လက်နက်အဖြစ်သုံးကာ တိုက်ခိုက်နိုင်ပြီး အလွန်သန်မာလှသည်။
မိစ္ဆာမျိုးနွယ်သည် လူသားများကို စုပ်ယူနိုင်ပြီး ညအခါတွင် NPC များအားလုံး မိစ္ဆာများဖြစ်လာကြသည်။ မိစ္ဆာများသည် သူတို့အချင်းချင်း အဆီအနှစ်တို့ကို မစုပ်ယူနိုင်ပေ။ ဒါကြောင့် ညအခါတွင် ပုန်းရန်မမှီလိုက်သော လူသားများနှင့် ပုန်းအောင်းနေသောသူများကိုသာ ရှာဖွေရန် ပစ်မှတ်ထားကြတော့သည်။
ဆူပူကြိမ်းမောင်းသံများသည် နေရာအနှံ့ထွက်ပေါ်နေပြီး နေ့အခါ၌ အဆင့်၁၀ အထိ တက်နိုင်ခဲ့ကြသော လူသားကစားသမားများသည် ညအခါ၌ မိစ္ဆာနှင့် သရဲမျိုးနွယ်ကစားသမားများ၏ ကလဲ့စားချေမှုကို ခံကြရတော့သည်။
![](https://img.wattpad.com/cover/341129150-288-k775893.jpg)
ŞİMDİ OKUDUĞUN
online game ထဲမှာကျင့်ကြံမယ်| online game ထဲမွာက်င့္ႀကံမယ္(Dropped)