အခန်း ၂၁။ နှလုံးသားဆက်နွယ်ခြင်းသိုင်းပညာ
ကောင်းကင်ထက်မှနေ၍ ခြံ၀င်းတစ်ခုလုံးကို လွှမ်းမိုးလာသော ဧရာမအ၀တ်စကြီးသည် ယာယီခဏတာမျှ သရဲမျိုးနွယ်၀င်များအတွက် "နေရောင်ကိုကာဆီးရန်" မှော်၀င်လက်နက်တစ်ခုပင်။
ထို့ကြောင့် သရဲများက နေ့ဘက်မှာပင် သူတို့၏ အကြီးမားဆုံးသော စွမ်းအားကိုပင် အသုံးပြုနိုင်သည်။
သရဲမျိုးနွယ်ကစားသမားများအနေဖြင့် ရုပ်ခန္ဓာရခြင်းအဆင့်ကိုရောက်ပြီးပါက ဒီမှော်၀င်လက်နက်က အသုံးမ၀င်တော့ပေ။
ရုပ်ခန္ဓာရခြင်းအဆင့်သည် လူသားကျင့်ကြံသူများ၏ ဝိဉာဥ်အခြေတည်အဆင့်နှင့် တူညီသည်။ ထိုအဆင့်မတိုင်မီမှာတော့ "နေရောင်ကာ (ဧရာမအ၀တ်စကြီး)" က အလွန်အမင်း ထိရောက်သော မှော်၀င်လက်နက်တစ်ခုဖြစ်သည်။
ထိုအ၀တ်စကို ယဲ့ကျိုး၏ဓားဖြင့်ပင် မဖြဲပစ်နိုင်ပေ။ ဒီလိုကောင်းမွန်သော မှော်၀င်လက်နက်ကို ဒီကစားသမားတွေ ဘယ်နေရာကရခဲ့လဲ မသိ။
ကံကောင်းထောက်မစွာဖြင့် "နေရောင်ကာ" မှော်လက်နက်ကို ဆက်လက်အားဖြည့်ရန် သရဲများအတွက် ဝိဉာဉ်ကျောက်တုံးတွေ လိုအပ်ကာ ကြောင်မည်းလေး ပုံရိပ်ယောင်အစီအရင်ကို သုံးရာ၌ ဝိဉာဉ်ကျောက်တုံးများ သုံးရန်လိုတာနှင့် ဆင်တူသည်။
ကြောင်မည်းလေးသည် အရောင်ရင့်မှောင်သော တိုင်များ၏နောက်တွင် နေရင်း သရဲကစားသမားများ သူ့ကိုမတွေ့အောင် ပုန်းကွယ်နေလေသည်။
သို့သော် သူတို့အဖွဲ့၀င်ငါးဦးသည် ပုံရိပ်ယောင်အစီအရင်ကို လက်တွေ့ပြုလုပ်ပြီးလေပြီ။
ကြောင်မည်းလေး ရှာတွေ့မခံရလျှင်ပင် တစ်ဘက်အဖွဲ့၌ သရဲမှစ်ကောင်သာကျန်ချိန်၌ တုကူးကျော့တို့ဘက်က ကျန်သည့်လေးယောက်မှာ "လေလွင့်သိုင်းသမား"အစီအရင်ကို အချိန်မရွေး ကျော်လွှားနိုင်ကြသည်။
နတ်ဆိုးနှစ်ကောင်နှင့် ကျန်ရှီတစ်ကောင်ကို အရင်တိုက်မည့်အစား သရဲနှစ်ကောင်ကို ဦးစွာဖြေရှင်းတာက ပိုကောင်းသည်။"နေရောင်ကိုကာကွယ်ခြင်း"မှော်လက်နက်ရှိနေသမျှ ဒီလိုနေ့လည်ခင်းကြီးမှာ မျက်နှာဖုံးထားသော သူတို့အဖွဲ့ကို တိုက်ခိုက်ရန် မလွယ်ပေ။
ဒီမှော်၀င်လက်နက်နှင့် ပြောင်းလဲမှုမရှိသော တိုက်ခိုက်ရေးနည်းလမ်းများကို ဒီကမ္ဘာမှာမြင်ဖူးခဲ့လားဆိုတာ သူမသိပါ။
ESTÁS LEYENDO
online game ထဲမှာကျင့်ကြံမယ်| online game ထဲမွာက်င့္ႀကံမယ္(Dropped)