အခန်း ၆-၁။ အခမဲ့ဆေးပေးခန်း/အခမဲ့ဆေးပေးခန်း

160 33 0
                                    

[Unicode]

အခန်း ၆-၁။ အခမဲ့ဆေးပေးခန်း

ကစားသမားများသည် မြေပြင်ပေါ် ခြေထောက်ဘေးတွင်ချထားသော ဘုန်းတော်ကြီးယူဆောင်လာတတ်သည့် ၀ါးခြင်းတောင်းထဲတွင် ဝိဉာဉ်မျိုးနွယ်၀င်များအားလုံးကို ထည့်လာသလားအမှတ်ဖြင့် ခေါင်းငုံ့ကာ ချောင်းကြည့်ကြလေသည်။
 
"ကြည့်မနေနဲ့"

ဒီနေ့အတွက် တာ၀န်ပြီးသွားတာကြောင့် တစ်ဘက်မှာ နားနေသည့် လင်ဇီးမှိုလေးကတားဆီးသည်။
 
"ခြင်းထဲမှာရှိနေတုန်းက ငါတစ်ယောက်တည်းလို့ထင်ထားတာ။ တစ်ခြားတစ်ယောက်ရ်မနေဘူး။ ဒါပေမဲ့ နောက်တစ်ယောက်ပါ သူထုတ်လာလိမ့်မယ်လို့ ဘယ်သူသိမှာလဲ"

အဲဒီ့နောက် မျက်လုံးတစ်စုံက လင်ဇီးမှိုလေးအပေါ်ကျရောက်လာသည်။

မှိုလေး၏မျက်လုံးများက စားပွဲပေါ်က နှင်းကြာပန်းကို မနာလိုဖြစ်ဟန်ဖြင့်ကြည့်သည်။ သူ့ပုံစံက ကြောက်ဖို့မကောင်းရုံသာမက ချစ်စရာပင်ကောင်းနေသေးတော့သည်။

ကစားသမားသည် အကြည့်ကိုမသိမ်းဘဲ ဆက်၍ကြည့်နေသည်။ မျှော်လင့်ထားသလိုပင်။ ဝါးခြင်းထဲတွင် ထပ်ထုတ်စရာ ဘာမှမတွေ့ပါ။

သို့တိုင် နှင်းကြာပန်းလေး တာ၀န်ပြီးသွားသည့်နောက် ဘုန်းတော်ကြီးအိုက နောက်ထပ်ဝိဉာဉ်မျိုးနွယ်ကစားသမားတစ်ယောက်ကို ဝါးခြင်းတောင်းထဲမှ ထုတ်လာပြန်သည်။

လူသားပုံစံဖြင့် ကစားသမားများသည် လင်ဇီူမှိုလေး၏ဘေး၌ ဝိုင်းအုံကာ သိလိုသည်တို့ကို စုံစမ်းမေးမြန်းကြလေသည်။

"မင်းရဲ့ level ကအရမ်းမြင့်တာပဲ။ ဒါတောင်မှ နောက်ကျရင် ဒီလိုပဲ သူများတွေကိုကယ်ရင်း upgrade လုပ်ဦးမှာလား"

"ဘယ်လိုဖြစ်နိုင်မှာလဲ"

လင်ဇီးမှိုလေးက မျက်လုံးလှိမ့်လိုက်သည်။

"level 20 ရောက်ပြီးရင် လူပုံစံပြောင်းလို့ရပြီ‌လေ။ အဲဒီ့အခါကျ ကိုယ်တိုင် mission တွေလုပ်ပြီး upgrade တင်မှာပေါ့"

"ဝိဉာဉ်မျိုးနွယ်၀င်တွေကများပေမဲ့ တာ၀န်ကိုလုပ်ပေးမဲ့ NPC ဘုန်းတော်ကြီးက တစ်ပါးတည်း။ ဒီလိုနှုန်းနဲ့ဆိုတော့ လူတိုင်း upgrade လုပ်ဖို့ အရမ်းနှေးနေတော့တာပေါ့"
 
ကစားတစ်ချို့ မကျေမနပ်ဆိုသည်။

online game ထဲမှာကျင့်ကြံမယ်| online game ထဲမှာကျင့်ကြံမယ်(Dropped)Hikayelerin yaşadığı yer. Şimdi keşfedin