အပိုင်း-၁ (Unicode)

35K 1K 72
                                    

"ကိုရိုနာလဲ မကြောက်ဘူးဟေ့ ပက်မှာပဲ ပက်မှာပဲ"

"စာမေးပွဲလဲ မကြောက်ဘူးဟေ့ ပက်မှာပဲ ပက်မှာပဲ"

အသံများက ပူပြင်းလှသော ဖေဖော်ဝါရီလ၏ နေရောင်ခြည်ကို ကျော်လွန်ကာ ထွက်ပေါ်လာသည်။အချိန်သည်ကား မြန်မာနိုင်ငံ၏ ပြင်းထန်လှသော နွေရာသီသို့ ကူးပြောင်းမည့် နွေဦးအချိန်ကာလ။ထိုအသံများကို ကြားနေရသော နွေဦးသာ တစ်ယောက် ပြုံးလိုက်မိသည်။ လိုက်တော့ မအော်နိုင်ချေ။တခြားတော့မဟုတ် ပါးစပ်ထဲမှာ Archiမေဂျာက ကျွေးသော စတုဒီသာ ရွှေရင်အေးများ ပြည့်နေလို့ပင်။

"နွေဦးရယ် ပျောက်လို့လိုက်ရှာလိုက်ရတာ။လူအုပ်ကြားထဲ ကနေရင်း ဘယ်ရောက်သွားတာလဲ"

"ဟဲဟဲ ကတာ နည်းနည်းကြာတော့ ဗိုက်ဆာလာလို့ ရွှေရင်အေး လာဆွဲတာ"

ကောင်းမြတ်၏ အမေးကို နွေဦးသာတစ်ယောက် သွားလေး အဖြဲသားနှင့် ဖြေလိုက်မိသည်။

"အစားအသောက်ကိုတော့ စိတ်မပူရဘူး မင်းကတော့"

"လာလာ မင်းလည်း လာစားလေ"

"ရောက်လာမှတော့ ကုသိုလ်မြောက်သွားအောင် ဆွဲရတော့မှာပေါ့"

ပြီတီတီအပြုံးဖြင့် လက်နှစ်ဖက်အပြည့် ခွက်ထဲသို့ ရွှေရင်အေးများ ခပ်ထည့်နေသော ကောင်းမြတ်ကို Archiမေဂျာက ညီမလေး တစ်ယောက်မှ မကြည် ကြည့်ဖြင့် မျက်စောင်းထိုးလိုက်သည်ကိုတော့ ကောင်းမြတ်တစ်ယောက် မမြင်လိုက်ရှာ။

"လောင်းလိုက်တော့ ချမ်းချမ်းချမ်း.... ရင်မှာတုန်တုန်တုန် တီးပါ ဗုံဗုံဗုံ...ရေစိုစို တန်ခူးလမှာ ကျောင်းသင်္ကြန်ကတော့ ပျော်စရာကြီးဟေ့"

အာဗြဲနဲ့ အော်ရင်း ဝင်လာသော နှစ်ယောက်မှာကား မှုန်ရီချယ်နှင့် လင်းရောင်။

"မှုန်မှုန်ရယ် ကိုယ့်လင်ပါးစပ်ကို ပိတ်ထားခြင်းဖြင့် ပတ်ဝန်းကျင်ကို ကူညီစမ်းပါလား"

ကောင်းမြတ်အပြောကို လင်းရောင်တစ်ယောက် မျက်စောင်းထိုးရင်း ကောင်းမြတ်၏ရွှေရင်အေးကို ဆွဲလုလိုက်သည်။

"ဟဲ့ ငါလင် ကိုလင်းက ငါနဲ့ နှစ်ယောက်ထဲရှိနေတာတောင် ပိတ်တာ မဟုတ်ဘူး။ ကြာရင် ငါလဲ ဘယ်နေ့ နားကမ်းမလဲ မသိ"

နွေဦးပန်းတွေ ပွင့်ချိန်တန် [Complete]Where stories live. Discover now