အပိုင်း-၁၉ (Unicode)

5.4K 401 16
                                        

နွေဦးသာတိုက်ခိုက်စွမ်းရည်ပြိုင်ပွဲအပြီး မိမိအဆင့်မှာ အလယ်အလတ်လောက် ရှိခါမှ သက်ပြင်းချမိသည်။ ဘိတ်ချေးအဆင့်မဖြစ်လို့သာ တော်သေးတော့သည်။ ခန္ဓာကိုယ်တိုက်ခိုက်ပြိုင်ပွဲက ရှိစေတော့ သေနတ်ပစ် ပြိုင်ပွဲမှာတော့ ဆုမရရင်တောင် အနည်းဆုံး Team Top 3ဝင်အောင် ကြိုးစားရမည်။ ထိပ်ဆုံးအဆင့်တွေလောက် အကြမ်းပတမ်း ယှဥ်ပြိုင်တိုက်ခိုက်ရသည် မဟုတ်သောကြောင့် အရမ်းကြီး ဒဏ်ရာအပြင်းထန်မရခဲ့။ သို့သော်လဲ ယှဉ်ပြိုင်တိုက်ခိုက်ရသည့်အတွက်  ခန္ဓာကိုယ်က ဟိုနေရာနာ ဒီနေရာနာတော့ဖြစ်နေသည်မို့ နားနေတဲတွင် နားနေစဥ်

"တပ်သား နွေဦး ဗိုလ်လေးက အခေါ်လွှတ်လိုက်တယ်"

"ဟုတ်ကဲ့"

ခေါင်းဆောင်စော နားနေတဲဆီသို့ လာရင်း "ဒီလူ့ဂွစာကြီးက ဘာခေါ်လုပ်အုံးမို့လဲ မသိ။ နာနေရတဲ့အထဲ"ပွစိပွစိ ပြောနေမိသည်။

"ခေါင်းဆောင် ကျွန်တော်ရောက်ပါပြီ"

"ဘယ်နားထိခိုက်သွားသေးလဲ။ ဒဏ်ရာကော ရသေးလား"

အနားပြေးလာကာ တစ်ကိုယ်လုံးကို ဟိုကြည့်ဒီကြည့် ကြည့်ပြီး စိတ်ပူနေသော ခေါင်းဆောင်စောကြောင့် ရင်ထဲနွေးထွေးသွားရ၏။

"မရဘူး။ နည်းနည်းပဲ ထိခိုက်မိတာ"

"တော်သေးတာပေါ့။ ခြေထောက်ကဒဏ်ရာကော ဘယ်လိုနေသေးလဲ"

"ဟုတ်..ကောင်းသွားပါပြီ"

"အင်း..စိတ်ပူနေတာ"

"ဟုတ်။ မပူပါနဲ့..ကျွန်တော် အဆင့် ၁၄ရတယ်"

"ဟမ်..Top 10 ထဲတောင် မဝင်ဘူးလား"

"အဖွဲ့ထဲ ရှိတာမှ အယောက်၃ဝထဲကို "

ပြောရင်း နှုတ်ခမ်းဆူထွက်လာသော ရှေ့ကအကောင်ပေါက်လေးအား စောထိုမှူး ကြည့်ရင်း ပြုံးမိရပြန်သည်။

"အဲ့ဒါ မင်းလေးက အားနေ မုန့်ပဲစားနေလို့ အားမရှိတာ သိလား"

မေးနေသော်လည်း ပြန်မဖြေဘဲ ခေါင်းငုံကာ နှုတ်ခမ်းထော်လန်နေသော ထိုအကောင်ပေါက်၏ မေးစေ့ကိုင်ကာ ဆွဲယူပြီး မော့စေလိုက်တော့ မိမိလက်ကို အတင်းဆွဲဖယ်ကာ ဟိုဘက်လှည့်သွား၏။ထို့ကြောင့် ပုခုံးကိုကိုင်ကာလှည့်ပြီး မိမိဘက်သို့ ဆွဲလှည့်လိုက်ချိန်တွင်

နွေဦးပန်းတွေ ပွင့်ချိန်တန် [Complete]Where stories live. Discover now