အပိုင်း-၃၂ (Unicode)

3.5K 259 4
                                    

ဆရာဝန်လေး ခွန်အိုက်သီဟနှင့် ကောင်းမြတ်တို့ နှစ်ယောက်မှာတော့ စာသင်ကျောင်းများတွင် ကလေးငယ်များအား စာသင်ပေးရင်း အလုပ်ရှုပ်နေကြသည်။ကောင်းမြတ်မှာတော့ ဆရာဝန်လေးကို လမ်းတွင် တခြားသူများ သူ့ကောင်လေးအနား မကပ်အောင် လိုက်စောင့်ပေးခြင်းသာ။ စာသင်ကျောင်းမှ စခန်းသို့အပြန် လမ်းတွင်တော့

"ဟို..ဆရာလေး"

"ဟုတ်ကဲ့"

"သင်္ကြန်မို့ အိမ်မှာ မုန့်လုပ်စားလို့ မုန့်လုံးရေပေါ်လေး ဆရာလေးအတွက် ထည့်ပေးလိုက်ချင်လို့"

"ရပါတယ်ဗျာ။ တကူးတကကြီး ရွာပြင်ထွက်ပေးရတော့ ညီမပင်ပန်းတာပေါ့"

"မဟုတ်တာပဲ ဆရာလေးရယ်။ ဆရာလေးကို စားစေချင်တဲ့စေတနာနဲ့ပါ။ အမိုး နေမကောင်းဖြစ်တော့ ဆရာလေးပဲ ဆေးကုသပေးခဲ့တာ ကျေးဇူးတင်လို့ပါ"

"အော်..ဒါက ကျွန်တော်ဆရာဝန်တစ်ယောက် လုပ်ပေးရမယ့် တာဝန်ပါဗျာ"

"အမိုးကတောင် ဆရာလေးကို အိမ်မှာ ထမင်းဖိတ်ကျွေးချင်နေတာ။ ညီမက ဆရာလေး အားမှန်းမသိမအားမှန်းမသိနဲ့ အားနာစရာကြီး အမိုးရယ်ဆိုပြီး အတင်းတားထားရတယ် "

ကောင်မလေးက ရှက်ပြုံးလေးနဲ့ စကားဆိုပြန်တော့ ခွန်အိုက်သီဟလဲ ငြင်းရခက်ခက်ပင်။ ဘေးနားက ကောင်းကတော့ မျက်မှောင်ကြုံ့ကာ မိမိတို့နှစ်ယောက်အား ကြည့်နေလေပြီ။

"ဟုတ်တယ်ဗျ။ ကျွန်တော်လည်း ဆေးခန်းထိုင်လိုက် ကလေးတွေစာသင်ပေးလိုက်နဲ့ အလုပ်နည်းနည်းရှုပ်နေတယ်ဗျာ"

"အဲ့ဒါဆို ဆရာလေး နေ့လည်စာစားတဲ့ အချိန်လောက် အချိန်ခဏလောက်ရခဲ့ရင် ညီမတို့အိမ်ဘက်ကို ထမင်းစားဖို့ကြွခဲ့ပါအုံး။ ထမင်းစားရုံပဲဆိုတော့ အချိန်အများကြီး မပေးလဲရပါတယ် လာခဲ့ပါနော်"

ချည်ပြီးတုတ်ပြီး မေးမြန်းတဲ့စကားဖြစ်နေသောကြောင့် အပြတ်ငြင်းပစ်ဖို့ရာ အားနာနေမိသည်။ ထိုအချိန်တွင် ကောင်းထံမှ

"အဟမ်း..အဟမ်း"

"အော်..ဒါဆရာလေး ညီလေးလား။ ညီမတို့အိမ်မှာ ထမင်းလာစားရင် ဆရာ့ညီလေးပါ ခေါ်လာခဲ့လေ။ ညီမဟင်းတွေ အများကြီးချက်ထားမှာပါ"

နွေဦးပန်းတွေ ပွင့်ချိန်တန် [Complete]Where stories live. Discover now