အပိုင်း-၁၈ (Unicode)

5.5K 372 31
                                        

မနက်လင်းကြက်တွန်ချိန်တွင် ဗုံးဖြုတ်တပ်သားနှင့် ဖထီးယူပါ အတူရောက်ရှိလာပြီး ဗုံးကို အသက်မဲ့သွားအောင်ပြုလုပ်နေကြလေသည်။ ကျွမ်းကျင်တပ်သားမို့ သေချာစွာ ဖြုတ်နေသော်လည်း စိတ်ပူစွာဖြင့် ကြည့်နေမိသည်။ ကလေးငယ်ကတော့ ကြောက်လို့ထင်ပါရဲ့ သူ့လက်အား တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်။ ၅မိနစ်လောက် အကြာမှာတော့ ဗုံးလည်း အသက်မဲ့သွားရသည်။ နွေဦးသာကတော့ ခြေထောက်ဖယ်လိုက်သော်လည်း အချိန်ကြာမြင့်စွာ ဖိထားရမှုကြောင့် ခြေတစ်ဖက်မှာ ကြွက်တက်နေလေပြီ။လမ်းလျှောက်ဖို့ရာ အဆင်မပြေတော့သောကြောင့် ခေါင်းဆောင်စောကပဲ တွဲကူ၍ တပ်စခန်းဆီသို့ ပြန်လာခဲ့ရတော့သည်။ ခေါင်းဆောင်စော၏ နားနေတဲသို့ရောက်သော် ကြိုရောက်ကာ စောင့်နေသော ကောင်းမြတ်က

"နွေဦး..အဆင်ပြေရဲ့လား ဘာဖြစ်သွားသေးလဲ။ မိုင်းနင်းမိလို့ဆို"

"အင်း..ဟုတ်တယ် ဘာမှမဖြစ်တော့ပါဘူး။ ဗုံးကို ဖယ်လိုက်ပြီ။ခြေထောက်ပဲ ကြွက်တက်နေတာ"

"တော်သေးတာပေါ့။ မနေ့က မင်းမိုင်းနင်းမိလို့ ဆိုပြီး အဆက်အသွယ်ရတာနဲ့ ငါစိတ်ပူနေတာ။ တော်သေးတယ် ခေါင်းဆောင်စော အတူရှိလို့"

ကောင်းမြတ်ပြောသံကြောင့် ခေါင်းဆောင်စောကို ကြည့်လိုက်တော့ မနေ့ညကလို မျက်နှာမျိုး မဟုတ်တော့ဘဲ အရင်ပုံစံအတိုင်း မျက်မှောင်က ကြုံ့ထားဆဲ။

"ဘာဖြစ်လို့ များပါလိမ့် သူ့အား စိတ်ဆိုးနေသည်လား" ထိုသို့တွေးနေရင်း ပေါ်ထွက်လာသော ခေါင်းဆောင်စော၏  လေသံမာမာကြောင့် အတွေးစတို့ ပြတ်တောက် သွားရသည်။

"ကျန်တဲ့သူတွေ ကိုယ့်နေရာကိုယ် သွားတော့။ တပ်သားနွေဦး နေခဲ့"

"ဟုတ်ကဲ့။ နွေဦး ခဏနေ တွေ့မယ်နော်"

"အေး..အေး"

သူ့အား ဘာစကားမှမပြောဘဲ တဲအိမ်ပေါ်သို့ တက်သွားသောကြောင့် အနောက်မှလိုက်ကာ တောင်းပန်စကားဆိုမိသည်။ သတိပေးထားသည့် ကြားမှ သွားကာ ပြဿနာဖြစ်ရသည်မို့ စိတ်ဆိုးနေခြင်းသာ ဖြစ်မည် ထင်ပါသည်။

နွေဦးပန်းတွေ ပွင့်ချိန်တန် [Complete]Where stories live. Discover now