ဇာတ်သိမ်းပိုင်း (Unicode)

9.1K 436 123
                                    

သုံးနှစ်ခန့် ကြာသောအခါ။

၂၀၂၆ခုနှစ် အောက်တိုဘာလ အမေရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ် လေဆိပ်တွင်တော့ လူတစ်ယောက် မတ်တပ်ရပ်နေကာ အပြင်သို့ငေးကြည့်ရင်း စောင့်ဆိုင်းနေတော့သည်။ လက်ထဲတွင်လဲ Departureလက်မှတ်နှစ်စောင် ကိုင်ဆောင်ထားလျှက်။ ထိုအချိန် ဘေးနားသို့ လူတစ်ယောက် ရောက်လာ၍ လှည့်ကြည့်လိုက်မိပြီး

"ခေါင်းဆောင် ထိုင်နေပါဆို ဘာလို့ထလာတာလဲ။ ခြေထောက်ကောင်းတာ မဟုတ်ဘဲနဲ့"

"ကိုယ်က ကလေးပင်ပန်းနေမှာ စိုးလို့ပါ။ ခြေထောက်ကလည်း နှစ်နှစ်လောက် ရှိပြီဆိုတော့ သိပ်မဆိုးတော့ပါဘူး အကျင့်ဖြစ်နေပါပြီ"

ဝတ်ထားသော ဘောင်းဘီရှည်ကို အနည်းငယ် မ တင်ကာ ပလတ်စတစ်ခြေထောက်အတုအား ပြရင်း ရယ်ကျဲကျဲပြောလိုက်သော စောထိုမှူးအား နွေဦးသာတစ်ယောက် မျက်စောင်းထိုးလိုက်မိသည်။

"ဟိုမှာ..ခေါ်နေပြီ သွားကြမယ်"

"အင်း..Luggageတွေ ကိုယ့်ကိုတစ်ခုပေး"

"ရော့"

ထိုလူနှစ်ယောက်မှာတော့ တစ်ယောက်ခါးကို တစ်ယောက်ဖက်လျှက် ပြုံးရွှင်စွာဖြင့် လေယာဥ်ပေါ် တက်သွားလေတော့သည်။စောထိုမှူးမှာတော့ ခြေထောက်တစ်ဖက် ဗုံးထိမှန်သောကြောင့် ဒူးအထက်မှစ၍ ဖြတ်လိုက်ရပေသည်။ အစတွင်တော့ ချိုင်းထောက်ဖြင့်သာ နေထိုင်သော်လဲ ထို့နောက်တွင်တော့ ခြေထောက်အတု တပ်ဆင်လိုက်တော့သည်။ လေယာဥ်ပေါ်တွင်ထိုင်ကာ ဂဏာမငြိမ်ဖြစ်ရင်း ပျော်ရွှင်နေသော ကလေးငယ်ကို ကြည့်ရင်း သဘောကျရပြန်သည်။

"အရမ်းပျော်နေလား ကလေးငယ်"

"အင်း..ပျော်တာပေါ့ ခေါင်းဆောင်ရဲ့။ ကျွန်တော်ဒီမှာ ကျောင်းလာတက်ကတည်းက သူငယ်ချင်းတွေနဲ့ မတွေ့ရတာ ၂နှစ်ရှိပြီ"

"ဟုတ်ပါပြီကွာ ဟိုရောက်မှ သူငယ်ချင်းတွေနဲ့ စကားတွေအများကြီးပြောပေါ့"

"ဟုတ်ကဲ့"

သဘောကျစွာ ပြုံးနေရှာသော ကလေးငယ်က ချစ်ဖို့ကောင်းလွန်းသောကြောင့် ပါးကိုတစ်ချက် လိမ်ဆွဲလိုက်ပြန်တော့ ပို၍ရယ်လိုက်သော ကလေးငယ်။

နွေဦးပန်းတွေ ပွင့်ချိန်တန် [Complete]Where stories live. Discover now