ဖေဖော်ဝါရီလကုန်အပြီး မတ်လအဆန်းမှာတော့ ကျောင်းတွင် ကဲစရာ ပွဲလဲ မရှိတော့ပေ။ ကျောင်းအရမ်းချစ်ကြသော ထိုငါးယောက်အဖွဲ့ကတော့ ကျောင်းလာချင်လွန်းလှသော်လည်း ကျောင်းမှာ Private Study ဟူသော စာမေးပွဲအတွက် စာကျက်ရက် ပိတ်ပေးလိုက်သောကြောင့် ကျောင်းသို့လာ မရတော့၍ နွေဦးသာတို့ တစ်ဖွဲ့လုံး ဘူနေကြလေသည်။ ကျောင်းကို ချစ်သည်ဆိုသည်မှာလဲ အတန်းတက်ချင်လွန်း စာသင်ချင်လွန်းလို့တော့မဟုတ် သူတို့ငါးယောက် စုံပြီး ပေါက်ပန်းလေးဆယ်စကားများ ဝိုင်းဖွဲ့ပြောရခြင်းကသာ နွေဦးသာတို့ အဖွဲ့၏ပျော်စရာပင် ဖြစ်သည်။ထို့ကြောင့်သာ ကျောင်းကို ချစ်ရခြင်း၊ ကျောင်းသွားချင်ရခြင်းပင်ဖြစ်သည်။
နောက်ဆုံးနှစ်ဖြစ်သောကြောင့် တခြားနှစ်များလောက် စာမများသောကြောင့် နွေဦးတို့ အဖွဲ့အေးဆေးဖြစ်နေခြင်းပင်။
မိမိတို့ နောက်ဆုံးနှစ်များမှာ သုံးဘာသာလောက် Open Book ဖြင့် ဖြေရခြင်းသာ။ အငယ်တန်းများလောက် စာကျက်ရခြင်း တွက်ရခြင်းများ မလုပ်ရတော့။ Second Semester မှသာ အဖွဲ့လိုက် Thesis လုပ်ကြရကာ ထိုThesisဖြင့် အမှတ်ဖြတ်မည်ဖြစ်သည်။ထို့ကြောင့်သာ နွေဦးသာ တစ်ယောက် အေးဆေးဒူးနှံ့နေနိုင်ခြင်း ဖြစ်သည်။ မဟုတ်ရင်တော့ ဤအချိန်များသည် ခွေးလိုနွားလို ကုန်းရုန်း၍ စာကျက်နေရပေလိမ့်မည်။ တစ်နှစ်ပတ်လုံး စာမလုပ်ခဲ့ဘဲ အနီးနားမှကပ်၍ One Subject One Night လုပ်တတ်သော သူတို့အဖွဲ့၏ အကျင့်ပေ။
သို့သော်လဲ တရုတ်ပြည် ဝူဟန်မြို့မှ စတင်ခဲ့သော Covid-19ဆိုတဲ့ ရောဂါကပ်ပိုးဟာ မြန်မာနိုင်ငံသို့ မတ်လ၂၃ရက်နေ့တွင် စတင် ရောက်ရှိပျံနှံခဲ့လေသည်။Covid-19၏ ရောဂါဆိုးကြောင့် တစ်နိုင်ငံလုံးရှိ တက္ကသိုလ်များ၊ အခြေခံကျောင်းများလည်း အကုန်ရပ်တန့်ပစ်ခဲ့လေသည်။ တစ်တိုင်းပြည်လုံးလဲ ငြိမ်သက်သွားခဲ့ရပြီး ကိုယ့်အိမ်ကိုယ်နေထိုင်ကာ Stay Home, Work From Home, LockDown များဖြင့် ရောဂါကပ်ပိုးကို ကာကွယ်ရင်း လူအစည်ကားဆုံးမြို့တစ်ခုဖြစ်သော ရန်ကုန်မြို့တစ်ခုလုံးတွင် လူသူကင်းမဲ့ သွားရတော့သည်။ နွေဦးသာတို့ စာမေးပွဲများလဲ တဝက်တပျက်နှင့် ရပ်နားခဲ့ရပြီး မိမိ အိမ်တွင်သာ Stay Home၊ Semi Lockdown များဖြင့် နေထိုင်ခဲ့ရလေသည်။
YOU ARE READING
နွေဦးပန်းတွေ ပွင့်ချိန်တန် [Complete]
Любовные романыKNUလွတ်မြောက်ရေးနယ်မြေရှိ ခေါင်းဆောင်စောထိုမှုး။ နောက်ဆုံးနှစ် အင်ဂျင်နီယာကျောင်းသားလေး နွေဦးသာ။ နွေဦးတော်လှန်ရေးအတွင်း တွေ့ဆုံခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ ကံကြမ္မာက နွေဦးပန်းတွေ ပွင့်လာချိန်မှာတော့.....။ 𝐂𝐨𝐯𝐞𝐫 𝐀𝐫𝐭- 𝐏𝐚𝐧𝐧 𝐄𝐚𝐢𝐧 KNUလြတ္...
![နွေဦးပန်းတွေ ပွင့်ချိန်တန် [Complete]](https://img.wattpad.com/cover/343906774-64-k507015.jpg)