အပိုင်း-၂၁ (Zawgyi)

433 4 0
                                        

"ငါ့ကို ဘာလို့ ဒီဘက် ဆွဲခေါ်လာတာတုန်း"

သေနတ်ပစ်လေ့ကျင့်ရေး ဆင်းနေတုန်း ခဏနားချိန်တွင် မြတ်နိုးအိမ်နှင့် မှုန်ရီချယ်တို့ ဆွဲခေါ်မှုအောက် ပါသွားရသော နွေဦးသာ။

မြတ်နိုးအိမ်: ပြောစမ်း နင် ငါတို့ကို လျှိုထားတာတွေ။

နွေဥဦးသာ: ဘာကိုလဲ။

မှုန်ရီချယ်: ဘာကို ဘာကိုလဲ လဲ။ နင်နဲ့ခေါင်းဆောင်စော အခြေအနေလေ။

နွေဦးသာ: အဲ့..အဲ့ဒါက..

မြတ်နိုးအိမ်: အဲ့ဒါ ဘာဖြစ်လဲ။

နွေဦးသာ: နင်တို့က သိသိကြီးနဲ့ လာမေးနေတယ်။ ကောင်းမြတ်ပြောလို့ သိပြီးပြီမလား။

မှုန်ရီချယ်: သိသိ မသိသိ။ ငါတို့က နင်ပြောတာ ကြားချင်တာလေ။

မြတ်နိုးအိမ်: အေးလေ Comfirmဖြစ်ချင်တာ။

နွေဦးသာ: အေးလေ။ နင်တို့သိတဲ့အတိုင်းပဲကို။

မြတ်နိုးအိမ်၊ မှုန်ရီချယ်: အား............

နွေဦးသာ: ဖြေးဖြေးအော်ကြပါဟ..နင်တို့ကလဲ ကြားသွားလို့ အဆူခံနေရအုံးမယ်။

ကောင်းမြတ်: ဘယ်သူက ခေါင်းဆောင်ရဲ့ ရည်းစားအသစ်စက်စက်ကလေးကို ဆူမှာလဲ။

နွေဦးသာ: ကောင်းမြတ် မင်းပါးစပ် ခဏလောက် ပိတ်ထားပေးလို့ရမလား။

ကောင်းမြတ်: အမယ် မလိုအပ်တော့ ငါ့ကို ပစ်ပြီပေါ့။ ရည်းစားရှိသွားပြီဆိုတော့ ဘော်ဒါတွေကို ပလစ်ပြီပေါ့ ရပါတယ်။

နွေဦးသာ: မင်းရဲ့ ဒရမ်မာတွေ မင်းဒေါက်တာ့ဆီမှာ သွားသုံး။ ငါ့ဆီလာမသုံးနဲ့..ဒိုး။

မှုန်ရီချယ်: ဒေါက်တာက ဘာဖြစ်လို့လဲ။

နွေဦးသာ: အဲ့ဒီမှာလေ ကောင်းမြတ် ဒေါက်တာ မရှိကတည်းက လင်းတမှိုင် မှိုင်နေတာ။

မြတ်နိုးအိမ်:ဘာလဲ Second Couple လားဟ..ကောင်းမြတ်။

ကောင်းမြတ်: မဟုတ်သေးပါဘူးဟာ။ စဉ်းစားတုန်း။

မှုန်ရီချယ်: နင်က ဘယ်တုန်းက လိုင်းပြောင်းသွားတာလဲ။ ငါတို့တောင် မသိလိုက်ရပါလား။

နွေဦးပန်းတွေ ပွင့်ချိန်တန် [Complete]Where stories live. Discover now