အပိုင်း-၃၃ (Unicode)

3.4K 255 3
                                    

ဘေးလွတ်ရာသို့ ရောက်သွားပြီ ဖြစ်သော်လဲ နွေဦးသာတစ်ယောက် စိတ်မအေးနိုင်သေး။ ချစ်ရသူက တိုက်ပွဲကြားထဲမှာ ကျန်ရစ်ခဲ့သည် မဟုတ်ပါလား။

"နွေဦး အရမ်းစိတ်မပူပါနဲ့ ဗိုလ်လေးစောက အဆင်ပြေမှာပါ"

သူ့အား ဘာမှပြန်မဖြေဘဲ ဗိုလ်လေးစော ကျန်ခဲ့သည့် နေရာဘက်သို့သာ မျှော်ကြည့်ရင်း ငိုနေရှာသော နွေဦးသာကို ကြည့်ရင်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။ အခုချိန်တွင် ပြောသည့်စကားများမှာ နားမဝင်လောက်မှန်း သိနေသောကြောင့် တခြားဒဏ်ရာရ တပ်သားများဆီသို့သာ သွားရင်း ကူညီပေးနေလိုက်တော့သည်။ရဟတ်ယာဥ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် တပ်သားများမှာ ထိခိုက်ဒဏ်ရာများ ရရှိကြသော်လဲ အသေအပျောက်မရှိ၍သာ တော်သေးတော့သည်။ တစ်နာရီကျော်ကြာ အချိန်တွင်တော့ မျှော်နေရာ လမ်းဘက်မှ လာနေကြသော ခေါင်းဆောင်စောနှင့် တပ်သားလေးငါးယောက်။ အနားသို့ရောက်လာရန် မစောင့်နိုင်အား ထိုနေရာသို့ပင် အပြေးအလွှား သွားကာ ဖက်ထားလိုက်မိသည်။

"ခေါင်းဆောင် အဆင်ပြေရဲ့လား။ ထိခိုက်မိသေးလား။ ဘာဖြစ်သွားသေးလဲ"

"အင်း..ကိုယ်ဘာမှ မဖြစ်ပါဘူး"

"ကျွန်တော် ဘယ်လောက်စိတ်ပူနေရတယ်ထင်လဲ"

"အင်း ကိုယ်သိပါတယ်။ ဘာမှမဖြစ်တော့တာမို့ စိတ်မပူနဲ့တော့နော်"

"ဟုတ်"

ရင်ခွင်ထဲ တိုးဝင်ကာ ဖက်ထားရင်း ခဏအကြာမှာတော့ ပုခုံးပေါ် ခေါင်းမှီချလာသော ခေါင်းဆောင်စော။ ထို့နောက်တွင်တော့ တစ်ကိုယ်လုံး လေးလံလာရကာ နွေဦးသာ အပေါ် သို့ တစ်ကိုယ်လုံး မှီချလဲကျသွားလေသည်။

"ခေါင်းဆောင်စော......."

အလန့်တကြား အော်ခေါ်ကာ ကြည့်လိုက်တော့ မေ့လဲသွားသော ခေါင်းဆောင်စော။ မိမိလက်များတွင်လဲ စိုစိစိဖြစ်နေသောကြောင့် ကြည့်လိုက်လေရာ သွေးများ ဖြစ်နေလေတော့သည်။ ထိုအခါမှသာ ဖက်ထားသော လက်နေရာကို အလျှင်အမြန်ကြည့်လိုက်မိတော့ ကျောကုန်းဘက် လက်ပြင်တစ်နေရာမှာ သေနတ်ဒဏ်ရာတစ်ခုရှိနေကာ သွေးများက ယိုစိမ့်လျက်။

နွေဦးပန်းတွေ ပွင့်ချိန်တန် [Complete]Where stories live. Discover now