"နာမည် အသက် ပြော"
"ကောင်းမြတ်ပါ။ အသက်က ၂၄ပါ"
"ဒီမှာ စောင်နဲ့ ဝတ်စုံတစ်စုံ။ တစ်ကိုယ်ရည်သုံး ပစ္စည်းတွေတော့ ပါလာတယ်မလား"
"ဟုတ်။ ပါလာပါတယ်"
"ဒီမှာ စာရင်းပေးပြီးရင် ရှေ့က တဲမှာ သွားနားလို့ရတယ်။ မနက်ဖြန် မနက် ၅နာရီကျ ဒီရှေ့က ကွင်းမှာ လူလာစုပါ"
"ဟုတ်ကဲ့။ ကျေးဇူးပါ"
"နောက်တစ်ယောက်ပြော။"
"နွေဦးသာပါ။ အသက်က ၂၄ပါ"
"ဒီမှာ စောင်နဲ့ ဝတ်စုံ တစ်စုံ... သတိ ခေါင်းဆောင်။ အလေးပြု"
စာရင်းမှတ်နေရင်း ထရပ်လိုက်သော စာရင်းကောက်တပ်သားကြောင့် နွေဥဦးသာတစ်ယောက် လှည့်ကြည့်လိုက်မိသောအခါ အရပ်မြင့်မြင့်နှင့် ပြောက်ကျားယူနီဖောင်း ဝတ်ထားသော လူတစ်ယောက် နှင့် ထိုလူနောက်မှ ပါလာသော အသက်ကြီးကြီးလူနှစ်ယောက်ကို တွေ့လိုက်ရသည်။
"ဘယ်လိုလဲ ဖိုးကေ..အဆင်ပြေရဲ့လား"
"ပြေပါတယ် ခေါင်းဆောင်။ ဒီနေ့ လူတွေအများကြီး ဝင်လာတာမို့။ ပစ္စည်းတွေကတော့ သိပ်မလောက်တော့လို့ ဝတ်စုံ တစ်စုံစီပဲ ပေးနိုင်တော့တယ်။ ကျန်တာတွေကတော့ လာတဲ့သူတွေအားလုံးက ကိုယ့်ပစ္စည်း ကိုယ်ယူလာကြတာမို့ အခက်အခဲသိပ်မရှိပါဘူး။ "
"အေး အေး။ လုပ်လက်စကို ဆက်လုပ်ပါ"
နွေဥဦးသာတစ်ယောက် သူတို့ပြောစကားများကို ငြိမ်၍ နားထောင်နေစဥ်တွင် ခေါင်းတွေမူးနောက်ပြီး ရင်ထဲနေလို့မကောင်းလာ၍ ဘေးဘက်သို့ ပြေးကာ ထိုးအန်ချလိုက်မိသည်။
"ဝေါ့ "
"နွေဦး အဆင်ပြေရဲ့လား"
"ရတယ် ကောင်းမြတ်။ လှေစီးလာရလို့ နည်းနည်း မူးသွားတာ။"
"ရော့ ရော့..ရေသောက် လိုက်အုံး"
ဤအခြင်းအရာကိုမြင်လိုက်သော ထိုအရပ်အမြင့်မြင့်ပြောက်ကျား ဝတ်စုံဝတ်ထားသော သူမှ မဲ့ပြုံးပြုံးကာ စုတ်တစ်ချက် သပ်လိုက်လေသည်။
YOU ARE READING
နွေဦးပန်းတွေ ပွင့်ချိန်တန် [Complete]
RomanceKNUလွတ်မြောက်ရေးနယ်မြေရှိ ခေါင်းဆောင်စောထိုမှုး။ နောက်ဆုံးနှစ် အင်ဂျင်နီယာကျောင်းသားလေး နွေဦးသာ။ နွေဦးတော်လှန်ရေးအတွင်း တွေ့ဆုံခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ ကံကြမ္မာက နွေဦးပန်းတွေ ပွင့်လာချိန်မှာတော့.....။ 𝐂𝐨𝐯𝐞𝐫 𝐀𝐫𝐭- 𝐏𝐚𝐧𝐧 𝐄𝐚𝐢𝐧 KNUလြတ္...