အပိုင်း-၂၅ (Unicode)

5.5K 351 52
                                        

ကလေးငယ်၏ ရင်ညွှတ်ဖွေးဖွေးလေးပေါ်မှာ အမှတ်အသားများကို ပေးမိတော့ ထွက်ကျလာသော ညည်းညူသံသဲ့သဲ့။ထိုအသံများကပင် သူ့အားရှေ့ဆက်ရန် တွန်းပို့နေသည့်အလားပင်။လွတ်ထွက်သွားသော အသိစိတ်တို့ကြောင့် စိတ်ကြိုက်ပြုမူကာ နမ်းရှိုက်မိနေသည်မှာ ဘယ်လောက်ကြာသွားမှန်း သတိမထားမိလိုက်။သတိရကာမှ ကလေးငယ်အား ကြည့်လိုက်မိတော့ ညအမှောင်ကြောင့် သိပ်မမြင်ရသည့်ကြားမှ ကလေးငယ်၏ အသားအရည်ပေါ်မှာ မိမိ၏အားဖြင့် အတင်းနမ်းရှိုက်ထားမှုကြောင့် နီရဲကာ သွေးရောင်လွှမ်းလျက်ရှိသည်။ နှုတ်ခမ်းတို့ကလဲ နီရဲကာ သွေးစို့လျှက်။လည်ပင်းတို့ရှိ သွေးကြောများကလဲ ပေါက်ထွက်လုမတတ်ပင်။လက်များကလဲ အားဖြင့် ဆုပ်ကိုင်ထားသည်မို့ အနီရောင် လက်ရာများ ထင်ကျန်လျှက်။ ကလေးငယ်ကို ကြည့်လိုက်တော့ မျက်ဝန်းများက ဝမ်းနည်းရိပ်သန်းနေလေသည်။

"ဟူး..ငါဘာတွေလုပ်နေမိတာလဲ"

ကလေးငယ် နာကျင်စေမည့် အရာမျိုး မဖြစ်စေချင်။ထို့ကြောင့်ပင် စိတ်ကို ထိန်းကာ နဖူးကို မြတ်နိုးစွာ နမ်းရှိုက်လိုက်ပြီး ရင်ခွင်ထဲဖက်ထားမိလိုက်တော့သည်။

"နားနေတဲမပြန်တော့ဘူးလား ခေါင်းဆောင်"

"အင်း။ ကလေးနဲ့ အိပ်ချင်လို့"

"ကောင်းမြတ် ပြန်လာရင်ကော"

"သူအဆင်ပြေတဲ့ နေရာ အိပ်မှာပေါ့။ ဆေးပေးခန်းသွားအိပ်လိမ့်မယ် သူ့ကို ပူမနေနဲ့။ ကလေး သာ အိပ်ပျော်အောင်အိပ်"

"ဟုတ်ကဲ့ "

"အိမ်မက်လှလှမက်ပါစေ..ကလေးငယ်"

~~~~~~~~~~~~

"ဒီညတော့ ဒေါက်တာလေးကို ရအောင် ဆွဲစားရမယ် ဟားဟား..ဟား"

စိတ်ထဲ အားရဝမ်းသာစွာ တွေးကာ ဆေးပေးခန်းရှေ့တွင် ရပ်နေသော ကောင်းမြတ်။ထို့ကြောင့်ပင် ရဲဆေးတင်ကာ ဘီယာတစ်ဘူးပင် သောက်လာရသည်မလား။သို့သော်လဲ အများကြီးမသောက်ခဲ့။ ဒေါက်တာလေးကို ဆွဲစားမည့် ညမှာ မူးနေကာ ဘာမှမမှတ်မိလို့မဖြစ်။ထိုအတွေးပေါင်းများစွာနဲ့ပင် ရင်ထဲတွင်ကြိတ်ပြုံးကာ ဆေးပေးခန်းထဲသို့ ဝင်လာခဲ့တော့သည်။ရင်ထဲတွင် ကြိတ်ပျော်နေသော်လဲ မျက်နှာကတော့ တင်းမာထားလိုက်သည်။

နွေဦးပန်းတွေ ပွင့်ချိန်တန် [Complete]Where stories live. Discover now