အပိုင်း-၄ (Unicode)

5.2K 404 17
                                    

"နွေဦး ရရဲ့လား မင်းခြေထောက် ကျည်ထိသွားတာလား "

"ရတယ် လင်းရောင် မထိဘူး။ ပြေးရင်း သံပြားနဲ့ ခြစ်မိတာ ဖြစ်မယ်။ သွေးနည်းနည်းပဲ ထွက်နေတာ ကိစ္စမရှိဘူး။ မှုန်မှုန့်ကိုပဲ ဂရုစိုက်လိုက်"

"ငါ သူ့ကို ကောင်းမြတ်နဲ့ ခေါ်သွားခိုင်းလိုက်ပြီ။ သူတို့က တော်တော်ဝေးဝေးမှာရောက်နေတာ မင်းကို မတွေ့လို့ ပြန်လာရှာတာ"

"မြတ်နိုးကော"

"သူ့ကိုလဲ ပူမနေနဲ့ ဟိုခွေးတွေ စပစ်ထဲက ကလေးတွေခေါ်ပြီး ပြေးခိုင်းထားတာ ကြာပြီ။ မင်းကိုမင်းပဲ ပူ။ မြန်မြန်လာ ငါ့ကို တွဲလိုက်။ စစ်ခွေးတွေ နီးနေပြီ။ ဖမ်းမိသွားလို့မဖြစ်ဘူး။"

"ရပါတယ် ငါ ဖြေးဖြေးလာခဲ့မယ်။ ငါခြေထောက်ရှသွားပြီး နာနေလို့ "

"မင်းမတွေ့လို့ လိုက်ရှာတာ ခြေထောက်မှာသွေးတွေ တွေ့တော့ ကျည်ထိတယ်ထင်သွားတာ။ ငါဖြင့် လန့်သွားတာပဲ"

"ဒီလောက်နဲ့ မထိသေးပါဘူးဟ။ ငါက ကွန်ဖူးတတ်တယ်လေ အရှောင်အတိမ်းကျွမ်းတယ်။"

" ဟ ဟ အေးပါကွာ"

"ဟိတ် ကလေးတွေ မြန်မြန်ပြေးကြ။ဟိုမှာ လာနေပြီ ပြေးပြေး ပြေး "

တိုက်ခန်းအပေါ်ထပ်တစ်ခုဆီမှ အန်တီတစ်ယောက်၏သတိပေး လှမ်းအော်သံကြောင့် နွေဦးသာနှင့် လင်းရောင်တို့ ခပ်မြန်မြန်လျှောက်မိသည်။ နွေဦးခြေထောက်ကြောင့် ပြေးလို့မရနိုင်သည် မဟုတ်ပါလား။ ထိုစဥ် နောက်က လူအုပ်တစ်အုပ်ပြေးလာသံ ကြားမိပြီး သေနတ်သံတွေလဲ ဆူညံ၍ မျက်ရည်ယိုဗုံး ပစ်ထည့်လိုက်သည်လား မသိ မီးခိုးငွေ့တွေနှင့် မသဲကွဲတော့ချေ။

"အဲ့ဒီအကောင်တွေကို ဖမ်း အကုန်ဖမ်း အသေ သာရိုက်။ ပြန်ခုခံရင် ပစ်သာပစ် "

လူအုပ်ကြားထဲ မီးခိုးဗုံးကြောင့် မီးခိုးငွေ့တွေနှင့် သဲသဲကွဲကွဲမမြင်ရဘဲ အသံများသာ ကြားနေရသည်။ အော်ဟစ်သံရိုက်နှက်သံ ဆူညံသံများနှင့် ပတ်ဝန်းကျင်က ရှုပ်ရှုပ်ထွေးထွေးဖြစ်နေစဥ် သူ့ကိုတိုက်၍ ဖြတ်ပြေးသွားသောလူ တစ်ယောက်ကြောင့် နွေဦးခြေထောက်ဒဏ်ရာနှင့်မို့ လဲကျသွားတော့သည်။ ထိုစဥ် အနောက်ကစစ်သားတစ်ဦးမှ နွေဦးသာကို သေနတ် ဒင်နှင့်ရိုက်မလို့ ပြင်နေသည်မို့ လင်းရောင်မှ နွေဦးကို ကာကွယ်လိုက်ကာ ထိုစစ်သားကို တွန်းထုတ်လိုက်လေသည်။

နွေဦးပန်းတွေ ပွင့်ချိန်တန် [Complete]Where stories live. Discover now