"နွေဦး မအိပ်သေးဘူးလား ဘာထိုင်လုပ်"
"ဘာမှ မလုပ်ပါဘူးဟာ။ ဒီအတိုင်းပဲ ထိုင်နေတာ"
"စိတ်ညစ်စရာ ရှိလို့လား"
"မရှိ..မရှိပါဘူး"
"အော်..ဟိုကောင် ကောင်းမြတ်ကတော့ ဘဲရပြီးကတည်းက ငါတို့နဲ့တောင် သိပ်မတွေ့ဖြစ်ဘူး။ သူ့ဘဲနားပဲ ကပ်နေတာ။ အဆင်ပြေနေပုံပဲ"
"အင်း..ဟုတ်တယ် ကောင်းမြတ်ကတော့ ဒေါက်တာ့ဘေးနား တောက်တဲ့လိုပဲ ကပ်နေတာ"
"သူက အဆင်ပြေနေပြီ။ နင်တို့ရော ဘယ်အခြေအနေရောက်ပြီလဲ"
"ဘယ်အခြေအနေမှ မရောက်သေးပါဘူး"
စိတ်မပါလက်မပါအသံကြောင့် မြတ်နိုးအိမ် အံ့သြမိသွားသည်။
"အမ်..တကယ်ကြီး။ ခေါင်းဆောင်က နင့်ကို ဘာမှမလုပ်သေးဘူးလား"
"အင်း...ငါတစ်ခု မေးလို့ရမလား။နင်က Fujoshiလဲ ဖြစ်တော့ နည်းနည်းများ သိမလားလို့လေ"
"မေးလေ"
"ခေါင်းဆောင်ကို နင်တို့အမြင်နဲ့ဆို ဘယ်လိုမြင်လဲ"
"အင်း..အမြင်အရဆို ကြည့်တာနဲ့တင် Seme Type ပေါ့ဟ။ ဒါပေမယ့်ဟာ လိင်တူနှစ်သက်ခြင်း အကြောင်းအရာတွေက နည်းနည်းရှုပ်ထွေးတယ်မလား။ ယောကျ်ားနဲ့မိန်းမလို ပုံမှန် သတ်မှတ်ထားတာမျိုး မရှိတော့ အမြင်နဲ့တင် အပေါ်အောက်ခွဲခြားလို့ မရနိုင်ဘူးလေ။ နင်နဲ့ ခေါင်းဆောင်မှာဆို ဘယ်သူကဘာဆိုတာ အကုန်လုံးသိကြပေမယ့် တခါတလေကျ အမြင်နဲ့ ဆုံးဖြတ်လို့ မရနိုင်တာမျိုးတွေလည်း ရှိတာပဲ"
"ဘယ်လိုမျိုးလဲ"
"ဥပမာကွာ ခေါင်းဆောင်က အပြင်ပန်းပုံသဏ္ဍာန်အရ ကြံ့ခိုင်သန်မာတဲ့ပုံစံ ဖြစ်ပေမယ့်လည်း အတွင်းစိတ်က နူးညံ့ချင်နူးညံ့နေနိုင်တာပဲ"
"ဟမ်..အဲ့ဒါက ဖြစ်..ဖြစ်နိုင်လို့လား"
"ငါလည်း သေချာတော့ မပြောတတ်ဘူးလေ။ ဒါပေမယ့် တခါတလေမှာ ကိုယ်မြင်ရတာနဲ့ လက်တွေ့က ကွဲပြားတာတွေ ရှိတတ်ကြောင်း သဘောပြောပြတာပါ"
"အင်း"
"ဒီလောက် ချစ်စရာကောင်းတဲ့ ငါ့သူငယ်ချင်းလေးကို မတို့မထိဘဲ ထားထားတယ် ဆိုတော့ ငါလည်း ပြောရခက်သား"
YOU ARE READING
နွေဦးပန်းတွေ ပွင့်ချိန်တန် [Complete]
Любовные романыKNUလွတ်မြောက်ရေးနယ်မြေရှိ ခေါင်းဆောင်စောထိုမှုး။ နောက်ဆုံးနှစ် အင်ဂျင်နီယာကျောင်းသားလေး နွေဦးသာ။ နွေဦးတော်လှန်ရေးအတွင်း တွေ့ဆုံခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ ကံကြမ္မာက နွေဦးပန်းတွေ ပွင့်လာချိန်မှာတော့.....။ 𝐂𝐨𝐯𝐞𝐫 𝐀𝐫𝐭- 𝐏𝐚𝐧𝐧 𝐄𝐚𝐢𝐧 KNUလြတ္...
![နွေဦးပန်းတွေ ပွင့်ချိန်တန် [Complete]](https://img.wattpad.com/cover/343906774-64-k507015.jpg)