အပိုင်း-၁၂ (Unicode)

5.5K 345 9
                                        

ခြေတံရှည် သစ်သားအိမ်ပေါ်မှာ အထုတ်အပိုးများ သိမ်းဆည်းနေသော ဒေါက်တာ ခွန်အိုက်သီဟ။ ခွန်အိုက်သီဟမှာတော့ ဆရာဝန်တစ်ယောက်ဖြစ်ပြီး ရှမ်းတိုင်းရင်းသား ဖြစ်သည်။ မိဘများမှာ ဆွေမျိုးကြီးထဲက မဟုတ်ပေမဲ့ သူတို့နေထိုင်ရာ အရပ်မှာတော့ လူချမ်းသာ စာရင်းဝင်လေသည်။ ထို့ကြောင့် ဆရာဝန်ဘွဲ့ရပြီးသော်လည်း ဆေးခန်းဖွင့်ကာ ဆေးမကုဖြစ်။ စစ်ဘေးရှောင် ဒေသများ၊ လမ်းခရီးမပေါက်ရောက်သော ရွာများ၊ ဆရာဝန်မရှိသော ကျေးရွာများ၊ တောများသို့ သွား၍ ဝါသနာပါရာ ပရဟိတဆေးကုပေးသည့် အလုပ်ကို လုပ်နေမိသည်။မိဘများကလဲ ပြည့်စုံပြီးသားဖြစ်ရာ သားအကြီးဆုံးမို့ အလိုလိုက်ကာ စိတ်ပျော်ရာလုပ်စေ၍ ခွင့်ပြုထားလေတော့သည်။ ခွန်အိုက်သီဟသည်လဲ မောင်နှမ၄ယောက် ရှိသည်မို့ မိဘများအား စိတ်ချလက်ချ ထားခဲ့ခြင်း ဖြစ်သည်။ မဟုတ်ရင်တော့ သူလဲ မိဘများအားစိတ်မချသဖြင့် လုပ်ဖြစ်မည်မထင်။ခွန်-ဆိုသည်မှာ ရှမ်းမိသားစု၏ မျိုးနွယ်စုနာမည်ဖြစ်ပြီး အိုက်-ဆိုသည်မှာက သားအကြီးဆုံးဖြစ်ကြောင်း ဖော်ပြသည်။ သီဟ-ဆိုသည်မှာကတော့ နာမည်အရင်းဖြစ်ပေသည်။ ခေါင်းဆောင် စောထိုမှူးနှင့်လည်း ရွာတစ်ရွာတွင် ဆေးကုသပေးနေစဥ် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ထိုမှတဆင့် ဆရာဝန်ရှိဖို့ရာ ခက်ခဲသော ခေါင်းဆောင်စော၏ တပ်စခန်းသို့ သွားရောက်၍ တပ်သားများ၏ ကျန်းမာရေးအခြေအနေအား မကြာမကြာသွားရောက် စစ်ဆေးပေးခြင်းဖြစ်သည်။ အထုတ်အပိုးများကို ညထဲက သိမ်းဆည်းထားပြီး ဖြစ်သော်လည်း သူ ပြန်တော့မယ်ဆိုသောကြောင့် ငိုယိုနေသောကလေးများမှ အထုတ်များအား ဖွထားခြင်းသာ။ ဖြူစင်သော ကလေးများ ဖြစ်သဖြင့် အနေနီးရာ ခင်တွယ်တတ်သော အလေ့အကျင့်ကို သိသောကြောင့် စိတ်မဆိုးမိပေ။ သို့သော်လည်း ပါလာသည့် မျက်နှာသစ်လူတစ်ယောက်၏ အလိုမကျသော မျက်နှာထားကြောင့် ပို၍ပင် ခပ်မြန်မြန် သိမ်းဆည်းမိသည်။

"ဆရာဝန်လေး  သွားတော့မလို့လား..ဝေ့"

"ဟုတ်ကဲ့အမိုး။ လာခေါ်နေကြပြီမို့။"

"ကလေးတွေကတော့ လွမ်းနေတော့မှာပဲ။ သူတို့က ဆရာဝန်လေးကို သိပ်ခင်တွယ်ကြတာလေ။"

နွေဦးပန်းတွေ ပွင့်ချိန်တန် [Complete]Where stories live. Discover now