အပိုင်း-၁၃ (Unicode)

4.4K 323 23
                                    

နွေဦးသာတစ်ယောက် ရုတ်ရုတ်သဲသဲ အသံများကြောင့် နိုးလာရတော့သည်။ ထိုအချိန်တွင် ဆေးပေးခန်းထဲသို့ တွဲခေါ်၍ ဝင်လာသော ခြေထောက်ဒဏ်ရာရနေသည့် တပ်သားတစ်ယောက်နှင့် မေ့မျောနေသော ကောင်းမြတ်။

"ကောင်းမြတ် ဘာဖြစ်တာလဲ"

"ထောက်ပို့ယာဥ်တန်းကို တိုက်ခိုက်ခံရလို့။ တပ်သား ကောင်းမြတ် ကျည်ထိသွားတာ။"

ဆေးပေးခန်းတွင် ကုတင်နှစ်လုံးသာ ရှိသည်မို့ နွေဦးသာလည်း မိမိကုတင်ကို ဖယ်ပေးလိုက်ပြီး

"ဒီမှာ ထားလိုက်ပါ။ ကျွန်တော်က သက်သာနေပြီမို့"

ဤသို့ဖြင့်ဆရာဝန်လေးမှ ကောင်းမြတ်လက်မောင်းမှ ကျည်ဆံအား ကျွမ်းကျင်စွာ ခွဲထုတ်နေသည်ကို စိုးရိမ်စွာ ကြည့်နေစဥ် ခြေထောက်မှ တစ်ချက်နာကာ ယိုင်သွား၍ ဘေးက ခေါင်းဆောင်စောမှ ထိန်းပေးလိုက်သည်။

"မင်းလဲ ဒဏ်ရာကြီးနဲ့ နားလိုက်အုံး။"

"ကျွန်တော် ကောင်းမြတ်ကို စောင့်အုံးမယ်"

"ဒေါက်တာခွန်အိုက်က ကျွမ်းကျင်တဲ့ ဆရာဝန်ပါ။ အရမ်းစိတ်မပူပါနဲ့။ တပ်သားကောင်းမြတ် အဆင်ပြေမှာပါ။မင်းလည်း နေကောင်းတာမဟုတ်ဘူး။ သွားနားတော့။"

"ဟုတ်ကဲ့"

ဤသို့နှင့် ထော့နဲ့ထော့နဲ့ဖြင့် အပြင်ထွက်ကာ မိမိအိပ်ဆောင်တဲသို့ သွားမည်အလုပ်တွင်

"ဘယ်သွားမလို့လဲ တပ်သားနွေဦး"

"ကျွန်တော် အိပ်ဆောင်တဲကို ပြန်မလို့ပါ"

"ဘယ်မှအဝေးကြီး မသွားနဲ့။ ပေါင်ဒဏ်ရာက ချုပ်ရိုးတွေ ပြန်ပြဲကုန်လိမ့်မယ်။ ငါ့ နားနေတဲမှာပဲ သွားနားလိုက်"

"ရပါတယ် ခေါင်းဆောင်စော။ ကျွန်တော် သက်သာနေပြီမို့ အိပ်ဆောင်တဲမှာပဲ ပြန်နားလိုက်ပါ့မယ်"

"မင်းက အဖျားမပျောက်သေးတာကို အိပ်ဆောင်သွားနေရင် တခြားတပ်သားတွေ အဖျားကူးကုန်မှာပေါ့။ ငါ့တဲမှာ သွားနေ"

"ဟုတ်ပါတယ် လူငယ်လေးနွေဦးရယ်။ ဗိုလ်လေးတဲက ဆေးပေးခန်းနဲ့လဲ နီးတော့ ဆရာဝန်လေး လာကြည့်ရတာ အဆင်ပြေတာပေါ့"

နွေဦးပန်းတွေ ပွင့်ချိန်တန် [Complete]Where stories live. Discover now