စောထိုမှူးတစ်ယောက် နေထိုင်ရာနားနေတဲတွင် ထိုင်ကာ လုပ်ဆောင်စရာ ကိစ္စများလုပ်ဆောင်၍ ဌာနချုပ်သို့ သတင်းပို့နေသည်။ထိုစဥ် ဗိုက်ကို ဖိနှပ်ကာ ကွင်းပတ်ပြေးနေသော ထို ကောင်လေးအား တစ်စွန်းတစ်စ မြင်လိုက်ရသောကြောင့် တပ်သားများ လေ့ကျင့်ရာ ကွင်းဘက်သို့ ထွက်လာခဲ့မိလေသည်။အဖွဲ့ကြီးကြပ်သူ ဌာနမှူး ၃ယောက်နှင့် စကားပြောဆိုနေစဥ် တန်းစီနေသော တပ်သားများ အနောက်တန်းမှ ရုတ်ရုတ်သဲသဲ အသံကြောင့်
"အဲ့ဒီနောက်မှာ ဘာဖြစ်နေကြတာလဲ"
"တပ်သားတစ်ယောက် လဲကျလို့ပါ ခေါင်းဆောင်"
"လူစုခွဲကြ။ကိုယ့်နေရာကိုယ် ပြန်တန်းစီ"
"ဟုတ်ကဲ့"
စောထိုမှုးလည်း ထိုရုတ်ရုတ်သဲသဲဖြစ်ရာ နေရာသို့သွားရာ ထင်ထားသည့်အတိုင်း ထိုကောင်လေးပင်။
"ဘာဖြစ်လို့လဲ တပ်သား"
နွေဦးသာမှာတော့ သူ့ရှေ့ရောက်ရှိလာသော ခေါင်းဆောင်စောထိုမှုးအား မော့ကြည့်လိုက်သော်လည်း နာကျင်နေမှုကြောင့် ဘာမှပြန်မဖြေနိုင်။
"သူ အစာမကြေလို့ ဗိုက်အောင့်တာပါ ခေါင်းဆောင်။ အစောထဲက ဗိုက်အောင့်နေပေမယ့် မနားဘဲ လေ့ကျင့်ရေး ဆင်းနေတာပါ"
နွေဦးကို ခေါင်းဆောင်စော အပြစ်မမြင်စေလို၍ ကောင်းမြတ်မှ ဘေးက ဝင်ကာပြောလိုက်သည်။ ထိုအခါ ခေါင်းဆောင်စောက
"နေမကောင်းရင် နားခိုင်းလိုက်။ နောက်ဆို နေမကောင်းရင် ပြောပါ။"
"ဟုတ်ကဲ့..ခေါင်းဆောင်"
"ကျန်တဲ့သူတွေ ဆက်လေ့ကျင့်ကြ"
"ဟုတ်ကဲ့"
ကောင်းမြတ်မှ နွေဦးသာအား တွဲခေါ်ရင်း သူတို့ အိပ်ဆောင်တဲဆီသို့ ခေါ်သွားလိုက်တော့သည်။
"နွေဦးအဆင်ပြေရဲ့လား"
"အေး။ ပြေပါတယ် နည်းနည်းသက်သာတယ်"
"အဲ့ဒါဆို ငါ ဆေးသွားတောင်းလိုက်အုံးမယ်။ ဒီမှာခဏလှဲနေနော်"
YOU ARE READING
နွေဦးပန်းတွေ ပွင့်ချိန်တန် [Complete]
RomanceKNUလွတ်မြောက်ရေးနယ်မြေရှိ ခေါင်းဆောင်စောထိုမှုး။ နောက်ဆုံးနှစ် အင်ဂျင်နီယာကျောင်းသားလေး နွေဦးသာ။ နွေဦးတော်လှန်ရေးအတွင်း တွေ့ဆုံခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ ကံကြမ္မာက နွေဦးပန်းတွေ ပွင့်လာချိန်မှာတော့.....။ 𝐂𝐨𝐯𝐞𝐫 𝐀𝐫𝐭- 𝐏𝐚𝐧𝐧 𝐄𝐚𝐢𝐧 KNUလြတ္...