အပိုင်း-၁၁ (Unicode)

4.6K 299 20
                                    

စောထိုမှူးတစ်ယောက် နှုတ်ခမ်းများ ဖြူဖျော့ကာ သွေးမရှိသော ထိုကောင်လေးအား စိတ်တိုကာ ဆူပူမိတော့သည်။ဒီလောက် ဒဏ်ရာနှင့် အကြာကြီးနေကာ မိုးရေထဲ လေ့ကျင့်ရေးလုပ်နေသော သူ့အားလဲ ဒေါသထွက်မိသည်။ သူ ဘယ်လောက်နာနေသည်မှန်း သိနေသောကြောင့်လည်း ပို၍ ဒေါသထွက်ကာ ပြောဆိုမိလေသည်။ သို့သော်လဲ ဒီကောင်လေး၏ ကျဆင်းလာသော မျက်ရည်များကို မြင်လိုက်ရသည့် ခဏတွင် ထိုဒေါသများ ပျောက်ကွယ်သွားပြီး မိမိလွန်သွားမှန်း သိလိုက်ရချိန်တွင်တော့ စိတ်ကိုလျှော့ကာ ထိုကောင်ငယ်လေးအား ရှင်းပြမိသည်။ထိုအခါ အဖျားရှိန်ကြောင့်လား၊ ငိုနေသည်ကြောင့်လားမသဲကွဲ၍ မျက်လုံးများနှင့် နှာခေါင်းထိပ်လေး နီမြန်းနေသော ကောင်ငယ်လေး၏ နှုတ်ခမ်းရဲရဲလေးက ရှေ့သို့ မဆိုသလောက်လေး ဆူထွက်လာပုံမှာ ချစ်စရာကောင်းလွန်းလှသောကြောင့် မိမိမှာ မပြုံးမိဘဲ မနေနိုင်တော့ချေ။သို့သော်လဲ ဟန်ကိုယ်ဖို့ရာ ပြုံးရိပ်သန်းသွားသော နှုတ်ခမ်းတို့ကို ချက်ချင်း ပြန်လည်၍ တင်းတင်းစေ့မိလိုက်တော့သည်။ ဤအခြင်းအရာ အဖြစ်အပျက်ကိုတော့ တရှုံရှုံငိုနေရှာသော နွေဦးသာတစ်ယောက်တော့ မတွေ့လိုက်ချေ။

"မင်းကို ဆူနေတာမဟုတ်တာမို့ မငိုနဲ့တော့ တိတ်တော့။ ယောကျ်ားလေးဖြစ်ပြီး မျက်ရည်ကလဲ လွယ်လိုက်တာ။ ဒီလောက် ပြောတာလေးကို ငိုရလား"

ပြောရင်း ထိုကောင်လေး၏ မျက်ရည်များကို သုတ်ပေးမိသည်။ ဤသို့ပြောလိုက်ခြင်းအား ထိုကောင်လေးမှ မိမိအား မျက်မှောင်ကြုံ စူးစိုက်ကြည့်၍ မျက်နှာဆူပုတ်ကာဖြင့်

"ခင်ဗျား ဆူလို့ မဟုတ်ပါဘူး။ ဒဏ်ရာက နာလို့ ငိုတာ။"

"ဟုတ်လား။အရမ်းနာနေလား။ ဆေးရော သောက်ပြီးပြီလား"

"မသောက်ရသေးဘူး"

"ရော့ ဆေးသောက်အုံး။ မဟုတ်ရင် ဒဏ်ရာက ကိုက်နေလိမ့်မယ်။ "

မျက်ရည် စများနှင့် ဆူပုတ်ကာ ဂျစ်တစ်တစ်လုပ်နေသော ကောင်ငယ်လေးကတော့ ဘာမှပြန်မဖြေ။

"ဆေးသောက်လို့။ အမိန့်ကို မလိုက်နာရင် အပြစ်ပေးမှာနော်"

နွေဦးပန်းတွေ ပွင့်ချိန်တန် [Complete]Where stories live. Discover now