နွေဦးသာ စားဖိုတဲရှေ့တွင် ယောင်လည်လည်လုပ်နေမိသည်။ အကြည့်များကတော့ မုန့်ပဲသရေစာများ တင်ထားသည့် စားပွဲခုံပေါ်သို့။ ထိုစားပွဲခုံ ရှေ့တွင်တော့ မုန့်တစ်ထုပ်ဒိုက်အခါ( ၂ဝ)ဟု ရေးသားထားသည့် စာတန်းတစ်ခု။
ဟုတ်ပါသည်။ ထောက်ပို့တပ်မှ ပစ္စည်းယာဉ်တန်းရောက်ရှိလာပြီးနောက် ပြည်သူအလှူရှင်များမှ လှူဒါန်းလိုက်သော မုန့်မျိုးစုံ၊အဝတ်အစားမျိုးစုံ၊ ပစ္စည်းမျိုးစုံတို့ကြောင့် တပ်စခန်းမှာတော့ ရိက္ခာ အစားအသောက်များ အလျှံအပယ်ပင်။ သို့သော်လဲ ပြည်သူအလှူရှင်များ လှူဒါန်းလိုက်သည့်ပစ္စည်းများကို အလဟဿမဖြစ်စေရန် ရည်ရွယ်၍ ပြည်သူများကို ကာကွယ်ရန်အတွက် လေ့ကျင့်ရေးသဘောဖြင့် ဒိုက်ထိုးကာ အကြိမ်ရေ သတ်မှတ်၍ သုံးစွဲစေသည်။ ဥပမာအားဖြင့် ကော်ဖီတစ်ထုပ်လျှင် ဒိုက်အခါ၂ဝ၊ ဆေးလိပ်တစ်လိပ်လျှင် ဒိုက် ၁ဝခါ၊ မုန့်တစ်ထုပ်လျှင် ဒိုက်အခါ၂ဝစသည်ဖြင့်။
နွေဦးသာ စားပွဲပေါ်ရှိ အားလူးကြော်မုန့်မျိုးစုံ၊ Oishi မုန့်မျိုးစုံ၊ Nabati မုန့်များ၊ ယိုစုံထုပ်များ၊ သကြားလုံးများ၊ ဘီစကစ်မုန့်များကို နှမြောတသစွာ ကြည့်ရင်း တံတွေးမြိုချမိသည်။ လက်ထဲတွင်လဲ အာလူးကြော်မုန့်တစ်ထုပ် ကိုင်ထားလျှက်။ နွေဦးသာလို အစားသောင်းကြမ်းပြီး သရေစာကြိုက်သော ကောင်လေးမှာတော့ ဒီလို မုန့်တစ်ထုပ်ထဲနဲ့တင် အာသီသမပြေ။ ဒါပေမယ့်လဲ ဒိုက်အခါ၂ဝ ထိုးပြီးပြီမို့ ထပ်မထိုးနိုင်တော့ချေ။ ဤသည်ကြောင့် မုန့်စားပွဲရှေ့မှ ရှုံ့မဲ့မဲ့နှင့် မထွက်ချင်ထွက်ချင်ဖြင့် အာလူးကြော်တစ်ထုပ်အား ပိုက်ကာ ထွက်လာခဲ့ရတော့သည်။ ကောင်းမြတ်ရှိရင်တော့ ဒိုက်အစားထိုးပေး၍ မိမိစားချင်သည့် မုန့်အား ပေးမှာ သေချာသည်။ သို့ရာတွင် အခုအချိန်တွင် ကောင်းမြတ်သည်လည်း ဒဏ်ရာနှင့်မို့ ဒုက္ခမပေးချင်ခဲ့။
သူကိုယ်တိုင်ပင် သူ့ ဒိုက်၁၀၀အပြစ်ဒဏ်ကို ကောင်းကောင်းမလုပ်နိုင်ဘဲ ဒိုက် ၁ဝ ခါလောက် ထိုးပြီးတိုင်း ဒဏ်ရာအကြောင်းပြကာ လက်နာသည်ဟုဆိုကာ ဆေးပေးခန်းသို့ ပြေးလေသည်။ ခေါင်းဆောင် ပေးသည့် အပြစ်ဒဏ်ကို ဘယ်တော့မှ သေချာမလုပ်။ အခုနောက်ပိုင်း ဖင်နာသည်၊ခေါင်းနာသည်၊ လက်နာသည်နှင့် ခလုတ်တိုက်သည်မှစ ပုရွက်ဆိတ်ကိုက်သည်အဆုံး ဆေးပေးခန်းသို့သာ သွားနေ၍ သူငယ်ချင်းတွေနားတောင် သိပ်မရှ်တော့။ ယခင်ကဆို ဘေးနားတွင် ဟိုလိုက်စ သည်လိုက်စနဲ့ နားငြီးအောင် ပေါက်ပေါက်ဖောက်နေသော ကောင်းမြတ်ကို ယခုအချိန်တွင်မူ တွေ့ချင်လျှင် ဆေးပေးခန်းသို့သာ သွား၍ ရှာရတော့သည်။ ဆေးပေးခန်းသို့ သွားလွန်း၍ ရဲဘော်များကတောင် သူ့အား နပ်စ့်မဟုပင် နာမည်ပြောင် ပေးထားလေတော့သည်။ ဒါလဲ မျက်နှာပြောင်သည့် ကောင်းမြတ်မှာတော့ မမှု။ ငါက ရုပ်ချောချောနဲ့ အကိတ်နပ်စ့်မ ဟူ၍ပင် ပြန်ပြော၍ သွားမြဲ သွားလျှက်ပင်။ တခါတလေဆို အိပ်ဆောင်တွင်တောင် ညပြန်မအိပ်။ ဒေါက်တာတစ်ယောက်တော့ ကောင်းမြတ်ဒဏ်တွေ ခံနေရပြီ ထင်ပါရဲ့။
YOU ARE READING
နွေဦးပန်းတွေ ပွင့်ချိန်တန် [Complete]
RomanceKNUလွတ်မြောက်ရေးနယ်မြေရှိ ခေါင်းဆောင်စောထိုမှုး။ နောက်ဆုံးနှစ် အင်ဂျင်နီယာကျောင်းသားလေး နွေဦးသာ။ နွေဦးတော်လှန်ရေးအတွင်း တွေ့ဆုံခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ ကံကြမ္မာက နွေဦးပန်းတွေ ပွင့်လာချိန်မှာတော့.....။ 𝐂𝐨𝐯𝐞𝐫 𝐀𝐫𝐭- 𝐏𝐚𝐧𝐧 𝐄𝐚𝐢𝐧 KNUလြတ္...