အပိုင်း-၃၅ (Unicode)

5.4K 317 21
                                        

နေ့နေ့ညည ရှိသမျှ တိုက်ပွဲများအား လိုက်လံတိုက်ခိုက်နေသော ကောင်းမြတ်အား ကြည့်ရင်း နွေဦးသာ သက်ပြင်းချမိသည်။ ဒေါက်တာ မရှိတော့ကတည်းက အစားလဲ သိပ်မစားတော့ဘဲ တိုက်ပွဲပေါင်းစုံအား အဆက်မပြတ် လိုက်လံတိုက်ခိုက်နေခြင်းပင်။ ညဘက်အိပ်ချိန်များတွင်လဲ သေချာအိပ်ပုံမရ။ ဆေးပေးခန်းသို့သာသွား၍ ငိုကြွေးနေတော့သည်။ သူငယ်ချင်းများမှ စိတ်ပူ၍ ဝိုင်းဝန်းပြောဆိုကြသော်လဲ မရပေ။ ကောင်းမြတ်မှာတော့ ဒေါက်တာသီဟ အသက်မသေသေးဘဲ စစ်တပ်မှ ဖမ်းဆီးသွားသည်ဟုသာ ယုံကြည်ထားလေသည်။ ထို့ကြောင့်ပင် ဒေါက်တာအား စစ်တပ်ဆီမှ ကယ်ဆယ်ရန်အတွက် အစွမ်းကုန် တိုက်ခိုက်နေခြင်းဟုသာ ဆိုလေသည်။

သို့သော်လဲ အမှန်တရားကို ယခုအချိန်တွင်တော့ လက်မခံချင်၍ ငြင်းဆိုနေသော်လဲ တစ်ချိန်ချိန်မှာတော့ လက်ခံရမည်မှာ မလွဲမသွေပင်။ မိမိနှင့် သူငယ်ချင်းများလဲ ပြောမရသောကြောင့် သူစိတ်ပျော်ရာလုပ်နိုင်ရန် လွှတ်ထားပေးခြင်းဖြင့်သာ ကူညီနိုင်တော့လေသည်။

~~~~~~~~~~~~~~~~~~~~~

၂၀၂၃ခုနှစ် အောက်တိုဘာလ။

'ပီ..........'

လင်းယုန်တပ်စခန်းရှိ ကင်းစောင့်တဲမှ ကြားလိုက်ရသော အချက်ပေးဥသြဆွဲသံကြောင့် တပ်သားများအားလုံး အလျင်အမြန်ထကာ ဘေးနားရှိသေနတ်များ ကိုင်ဆွဲ၍ အဆင်သင့်ပြင်ဆင်လိုက်တော့သည်။ လေယာဉ်များပျံသန်းလာမှုကြောင့် သတိပေး ဥသြစွဲသံပင် ဖြစ်သည်။ ညဘက်အချိန်တွင် လေယာဥ်များဖြင့် ဝေဟင်မှ တိုက်ခိုက်ခြင်းဖြစ်သည်။

လင်းယုန်စခန်းအား ရှာဖို့ရန် ခက်ခဲသော်လဲ အချိန်ကြာမြင့်လာသောအခါ တိုက်ပွဲများစိတ်လာမှုကြောင့် စစ်တပ်ဘက်မှလဲ စခန်းအား ရှာဖွေတွေ့ရှိသွားခဲ့လေပြီ။ ညအချိန် လေယာဥ်ဖြင့် ဗုံးများ ကြဲချပြီး တရစပ်တိုက်ခိုက်ခြင်းများဖြင့် အလစ်ဝင်တိုက်သောကြောင့် တပ်စခန်းမှာ အခြေအနေသိပ်မကောင်းပေ။ သို့သော်လဲ စခန်းရှိတပ်သားများ၏ မလျှော့သောဇွဲ၊ အရှုံးမပေးသောစိတ်ဓာတ်ဖြင့် အပြင်းအထန်ခုခံကာကွယ်ရင်း တိုက်ခိုက်ခဲ့ကြသည်။

နွေဦးပန်းတွေ ပွင့်ချိန်တန် [Complete]Where stories live. Discover now