အပိုင်း-၃၄ (Unicode)

3.6K 285 42
                                    

(ဤအပိုင်းအား PG-13သတ်မှတ်ထားသောကြောင့် သတိပြုကာ ဖတ်ရှုစေချင်ပါသည်။)

၂၀၂၃ခုနှစ် ဂျူလိုင်လ။

"ကောင်းရေ လွှတ်အုံး။ အစ်ကို စာသွားသင်ရအုံးမယ်"

"လွှတ်ဖူး။ အစ်ကို့ကို ဖက်ထားမှာ မလွှတ်ပေးချင်ဘူး"

"ကဲ..ငဆိုးလေးရေ။ လွှတ်တော့။ အစ်ကိုကျောင်းမှာ စာသွားသင်ရအုံးမယ်။ ကောင်းလဲ ရွာတွေဘက် စစ်ကြောင်းလှည့် ရအုံးမှာမလား"

"မသိဘူးဗျာ မထချင်ဘူး။ အစ်ကို့ကို ဖက်ပြီးတော့ပဲနေချင်တာ"

"ကဲ..ထတော့ဆို။ စစ်ကြောင်းနောက်ကျရင် ခေါင်းဆောင်စော ဆူမှာမကြောက်ဘူးလား။ ဆူရုံတင်မဟုတ်ဘဲ ဒိုက်၁၀၀ထိုးခိုင်းနေရင်ဘယ်လိုလုပ်မလဲ"

"ထပြီဗျာ ထပြီ.. ဟွန့်"

ဆူပုတ်ပုတ် ပြောကာ လွှတ်ပေးလိုက်သဖြင့် ထကာ စာသွားသင်ရန် ပြင်ဆင်နေသည်ကို ကောင်းကတော့ အိပ်ရာပေါ်မှ ကြည့်နေလေသည်။

"အစ်ကို"

"အင်း"

"ဒီနေ့ ကျောင်းမှာ စာသွားမသင်ပါနဲ့လားဗျာ"

"ဘာဖြစ်လို့လဲ ကောင်းရဲ့"

"မသိဘူး။ ဒီနေ့ ကျွန်တော့်စိတ်ထဲ လေးနေသလိုပဲ။ ဒီနေ့တစ်ရက်တော့ နားလိုက်ပါလား။ အစ်ကိုက နေ့တိုင်းစာသွားသင်ပေးနေတာပဲ။ တစ်ရက်လောက်နားလည်း တခြားလူတွေက ဘာမှမပြောလောက်ပါဘူး"

"မဖြစ်ဘူးကောင်းရဲ့။ ကလေးတွေရှိသေးတယ်လေ။ တခြားသူတွေက ဘာမှမပြောလဲ ကလေးတွေက အစ်ကို့ကို မျှော်နေကြမှာ။ ကောင်းစိတ်ထင်လို့ပါ။ ဘာမှမဖြစ်ဘူးနော်။ နေ့တိုင်းလဲ သွားနေကြပဲကို။ စိတ်မပူနဲ့နော်။ ကောင်းသာ စစ်ကြောင်း လှည့်တာ ဂရုစိုက်"

"အင်းပါ အစ်ကိုရယ်။ ဘာပဲဖြစ်ဖြစ်ဂရုစိုက်နော်။ ကျွန်တော်မပါတော့ စိတ်ပူတယ်ဗျာ ဘာပဲဖြစ်ဖြစ်"

"အင်းပါ ကောင်းရဲ့ ပြွတ်"

နှုတ်ခမ်းဆီသို့ အနမ်းတစ်ချက်ပေးကာ ရေချိုးရန် ထွက်သွားသော အစ်ကိုသီဟအား ကြည့်ကာ သက်ပြင်းချလိုက်မိသည်။ ဒီနေ့မှ သူ့စိတ်တွေ ဘာလို့လေးနေလဲမသိတော့။ စိတ်ထဲတွင်နေလို့မကောင်းပေ။သို့သော်လဲ နေ့တိုင်းသွားနေကြ နေရာမို့ သူစိတ်ထင်လို့ နေမှာပါ ဟု စိတ်ကိုဖြေရင်း သူလည်းစစ်ကြောင်းထွက်ဖို့ရာ ပြင်ဆင်လိုက်တော့သည်။

နွေဦးပန်းတွေ ပွင့်ချိန်တန် [Complete]Where stories live. Discover now