အပိုင်း-၂၆ (Unicode)

4.1K 291 15
                                    

ကောင်းမြတ်: မင်းက ဒီကိုဘယ်လိုသိပြီး ရောက်လာတာတုန်းဟ။

လင်းရောင်: ငါထောင်က လွတ်လာတော့ အိမ်ပြန်တယ်လေ။ မင်းတို့ ဖုန်းတွေကလဲ ပိတ်ထားတယ်။ အိမ်တွေကို ဖုန်းဆက်ကြည့်တော့ မရှိဘူး မသိဘူးပဲပြောတယ်။ လင်းရောင်လို့ ပြောလဲ မသိဘူးပဲပြောတယ်။ လေးယောက်လုံး ဒီလိုဖြစ်နေတော့ ငါလဲ မင်းတို့တောထဲရောက်နေမှန်း သဘောပေါက်လိုက်တာပဲ။

ကောင်းမြတ်:အဲ့တာနဲ့ ဒီကိုဘယ်လိုစုံစမ်းလာတာလဲ ဒီလိုလေ့ကျင့်ရေးစခန်းတွေက အများကြီးကို။

လင်းရောင်: ဟဟ..ငါ့မှာလဲ အဆက်အသွယ်တွေရှိတာပေါ့ကွ။ ထောင်ထဲ ၄လကျော်နေခဲ့တာ အလကားနေခဲ့တာမှ မဟုတ်ဘဲ။နိုင်ငံရေးအကျဥ်းသားတွေနဲ့ အနည်းအကျဥ်းတော့ သိခဲ့တာပေါ့။ အဲ့ဒီအဆက်အသွယ်တွေနဲ့ စုံစမ်းပြီး မင်းတို့ ဒီလင်းယုန်တပ်စခန်းမှာ ရှိမှန်း သိပြီးလိုက်လာတာပဲ။

မှုန်ရီချယ်: အထဲမှာ နေရစားရသောက်ရတာရော ဘယ်လိုလဲ။ ဒဏ်ရာရော သေချာ ကုပေးရဲ့လား။

လင်းရောင်: အင်းပေါ့အချစ်ရဲ့။ ကိုယ်အခု ဘာမှမဖြစ်တာပဲကြည့်လေ။ ထောင်ထဲမှာဆိုတော့ အပြင်လောက်တော့ ဘယ်အဆင်ပြေပါ့မလဲ။ နည်းနည်းပါးပါးတော့ အထုအထောင်းခံရတာပေါ့။

မြတ်နိုးအိမ်: အမလေးတော်သေးတာပေါ့ ဟယ်။ ငါတို့မှာ နင့်သတင်းဘာမှမကြားရလို့ ဘယ်လောက် စိတ်ပူလိုက်ရလဲ။

လင်းရောင် : အေးပါဟ။

နွေဦးသာ: တောင်းပန်ပါတယ် လင်းရောင်..ငါ့ကြောင့်မို့ မင်းအဖမ်းခံရပြီး အရိုက်ခံရတာ။

လင်းရောင်: မင်းကြောင့် မဟုတ်ပါဘူးကွာ။ အဲ့ဒီခွေးသတောင်းစားတွေက တွေ့တဲ့သူ အကုန် ရိုက်နေ၊ ဖမ်းနေတာ။ မင်းကြောင့်လည်း မဟုတ်သလို ငါ့ကြောင့်လည်း မဟုတ်ဘူး။ အဓိက က အဲ့ဒီခွေးတွေကြောင့်ပဲ။

မြတ်နိုးအိမ်: ပြောလို့မရဘူး လင်းရောင်ရေ။ နင်အဖမ်းခံရပြီး အရိုက်ခံရတာ သူကြောင့်ပဲဆိုပြီး တငိုငိုတရယ်ရယ်ဖြစ်နေတာပဲ နွေဦးက။

လင်းရောင်: ဟိတ်ကောင်..ထပ်တော့ မငိုနဲ့တော့နော်။ ငါ ခေါင်းဆောင်ဆိုတဲ့ လူရဲ့ အစိမ်းလိုက်ဝါးစားမတတ် အကြည့်တွေနဲ့ အကြည့်မခံနိုင်တော့ဘူး။

နွေဦးပန်းတွေ ပွင့်ချိန်တန် [Complete]Where stories live. Discover now