အပိုင်း-၂၀ (Unicode)

4.4K 309 17
                                    

ထိုညကနှုတ်ဆက်အပြီး ခေါင်းဆောင်စော စစ်ကြောင်း ထွက်သွားသည်မှာ တစ်ပတ်ခန့်ပင် ရှိလေပြီ။ မြင်မြင်ရာ သူ့ပုံရိပ်တွေပဲမို့ မိမိခေါင်းကိုပင် ရိုက်မိတော့သည်။ ခေါင်းဆောင်စော နားနေတဲသို့ သွားသွားကြည့်ရသည်မှာလဲ အမောပင်။ ဖထီးယူကို မေးလွန်းလှ၍ ဖထီးကပင် သူ့ကိုမြင်လျှင် ဗိုလ်လေး သတင်းမရသေးဘူးလို့ပါ စပြောတတ်နေလေပြီ။

"နွေဦးသာ နွေဦးသာ မင်းတော်တော်အရူးရင့်နေပြီပဲ။ စိတ်လေးဘာလေး ထိန်းစမ်း"

ကိုယ့်ကိုကိုယ် သတိပေးရင်း နေသော်လည်း လွမ်းသည့်စိတ်က ပိုပိုတိုးလာနေသည်။ တစ်ပတ်ကြာသည်အထိ ဘာသတင်းမှ မကြားရသောကြောင့်လဲ ပို၍ စိတ်ပူလာရတော့သည်။ သတိရစိတ်ကြောင့်ရော၊ စိတ်ပူသည့်စိတ်ကြောင့်ရော ရောထွေးကာ အိပ်မပျော်ပေ။ ဟိုဘက်လှိမ့်လိုက်၊ ဒီဘက်လှိမ့်လိုက်နှင့်နေရင်း ဘေးနားက အတူနေရဲဘော်များ အနှောင့်အယှက်ဖြစ်မည်စိုး၍ ထကာ အိပ်ဆောင်တဲအပြင်ဘက်သို့ ထွက်လာခဲ့တော့သည်။ ထိုအခါ ကွင်းဘေးရှိသစ်တုံးတွင်ထိုင်ကာ ဆေးလိပ်သောက်နေသော ကောင်းမြတ်ကို တွေ့လိုက်ရသည်။

"နွေဦး လာလေ။ အိပ်မပျော်လို့လား"

"အင်း..ဟုတ်တယ်။ မင်းရောပဲလား"

"အင်း .... အော် Sorryကွာ။ မင်းဆေးလိပ်နံ့ မခံနိုင်ဘူးမလား ငါမီးသတ်လိုက်မယ်"

"ရပါတယ်ကွာ..သောက်ပါ။ ဒီမှာနေလာတာ ကြာလာတော့ ဆေးလိပ်နံံ့လဲ နည်းနည်းခံနိုင်လာပါပြီ အရင်ကလောက် မဟုတ်တော့ဘူး သောက်ပါ"

"အေး အေး..ကျေးဇူးပဲ"

"ဟင်း......." "ဟင်း......."

နှစ်ယောက်စလုံး၏ ပြိုင်တူသက်ပြင်းချသံများ တပြိုက်နက်ပေါ်ထွက်လာသောကြောင့် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ရယ်မိလိုက်ကြသေးသည်။ ထို့နောက်တွင်တော့

"နွေဦး မင်းကို ငါတစ်ခု မေးလို့ရမလား"

"မေးလေ။ ဘာမေးမလို့လဲ"

"တစ်မျိုးတော့မထင်နဲ့။ မင်းစိတ်လည်း မဆိုးနဲ့"

"အေးပါ..မဆိုးပါဘူး..မေး"

နွေဦးပန်းတွေ ပွင့်ချိန်တန် [Complete]Where stories live. Discover now